
အီတလီမှာ အပူချိန်မြင့်တက်နေလို့ နှစ်စဉ် ယူရို ၆ ဘီလီယံကနေ ၁၂ ဘီလီယံအထိ စီးပွားရေးအရ ဆုံးရှုံးနိုင်တယ်လို့ အီတလီစီးပွားရေး၊ ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုအဖွဲ့ချုပ်က ဇူလိုင် ၁၈ ရက်မှာ အစီရင်ခံစာထုတ်ပြန် ပြောပါတယ်။
အီတလီနိုင်ငံမှာ နှစ်စဉ် အလွန်အမင်းပူပြင်းတဲ့ အပူချိန်ကို ရက် ၃၀ကနေ ၆၀အထိ ကြုံတွေ့ရရင် စီးပွားရေးလုပ်ငန်းတွေမှာ စွမ်းအင်ကုန်ကျစရိတ် မြင့်တက်လာတာ၊ အလုပ်သမားထုတ်လုပ်မှု ကျဆင်းတာနဲ့ ကုန်စည်ထွက်ရှိနှုန်း လျော့နည်းတာအပါအဝင် ဖိအားတွေ အများကြီး ရင်ဆိုင်ရမယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အပူချိန်မြင့်မားခြင်းဟာ ဒေသခံတွေရဲ့ စားသုံးမှုနဲ့ ခရီးသွားလုပ်ငန်း အလေ့အထတွေကိုလည်း ပြောင်းလဲစေပြီး ကူးသန်းရောင်းဝယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတို့လို ကဏ္ဍတွေအပေါ် နောက်ထပ်ထိုးနှက်ချက်တခု ဖြစ်စေနိုင်တယ်လို့လည်း သုတေသနမှာ ဖော်ပြထားပါတယ်။











