DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက် (ငြိမ်းပွင့်) က မမီးမီးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
DVB
·
March 9, 2016
၈၈ မျိုးဆက် (ငြိမ်းပွင့်) က မမီးမီးကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
1 / 2
Donate to DVB

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မမီးမီးကို ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ်တရားရုံးက ငြိမ်းချမ်းစွာစုဝေးလှည့်လှည့်ခွင့်ဥပဒေပုဒ်မ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုပြီး ဒီကနေ့ရုံးကို ဆင့်ခေါ်ထားပါတယ်။

မမီးမီးကို ၂၀၁၄ ခု နိုဝင်ဘာလက ၄ ရက်တာပြုလုပ်သွားတဲ့ ကျောင်းသားသပိတ်စစ် ကြောင်း နဲ့ပတ်သက်ပြီး တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီတရားစွဲဆိုတဲ့အပေါ် ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဒီကနေ့ တရားရုံးရောက်နေတဲ့ မမီးမီးက ပြောပါတယ်။

“ကျမအနေနဲ့ ဒီပုဒ်မ ၁၈ နဲ့ နောက်ဆက်တွဲပါ ပြစ်မှုပုဒ်မအရ ဒီမိုကရေစီနိုင်ငံနဲ့လည်း သင့်လျော်ခြင်း မရှိဘူး။ အဲဒါကြောင့် ကျမတို့ ၈၈ က ဦးဆောင်ပြီး အဖွဲ့အစည်းပေါင်းစုံနဲ့ ကျမတို့ ဆန္ဒပြထားပြီးတဲ့ ပုဒ်မလည်း ဖြစ်တယ်ပေါ့နော်။ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ ကျမ တရားစွဲခံရတဲ့အတွက် အဲဒီပုဒ်မ ၁၈ ကို ကျမ ပူးပေါင်း ဆောင်ရွက်မှာမဟုတ်ပါဘူးရှင်။ ကျမအာမခံလည်းယူမှာမဟုတ်ဘူး။ ဒဏ်ငွေလည်း ဆောင်မှာမဟုတ်ပါဘူး။ ”

မမီးမီးက သူ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း တရားရင်ဆိုင်တာထက် အကျဉ်း ထောင်တွင်းဝင်ရောက်ဖို့ကို ရွေးချယ်ကြောင်း နှုတ်ဆက်ရေးသားထားပါတယ်။

“ရဲဘော်အားလုံးကို နှုတ်ဆက်ပါတယ်။ မပြီးဆုံးသေးတဲ့တိုက်ပွဲအတွက် ကျောင်းတော်ကြီးဆီ သွားရဦးမယ်။ အမှန်တရား အောင်ရပါစေ” လို့ သူက ရေးသားခဲ့ပါတယ်။

အုပ်ချုပ်ရေးပိုင်းက ဒီဆောင်ရွက်ချက်ဟာ ထင်ရှားတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက အမျိုးသမီးခေါင်းဆောင် ဒုတိယမြောက်တဦးကို တရားစွဲဆိုခဲ့ တာဖြစ်ပါ တယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက မနီလာသိန်းကိုလည်း ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြရာမှာပါတဲ့အတွက် ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခဲ့ရာမှာ အာမခံမယူ၊ ဒဏ်ငွေမဆောင်မှုနဲ့ ရပ်တည်တာကြောင့် အင်းစိန် ထောင်တွင်း ထိန်းသိမ်းခံနေရပါတယ်။

ရဲက မနီလာသိန်းကို တရားခံပြေးအဖြစ် ကြေညာဖမ်းဆီးတဲ့အတွက် ခင်ပွန်းသည်က ဥပဒေ ကြောင်းအရ ရင်ဆိုင်ဖို့ ပြင်နေပါတယ်။

မနေ့က မနီလာသိန်းကို ပထမဆုံးအကြိမ် မရမ်းကုန်မြို့နယ်မှာ ရုံးထုတ်စစ်ဆေးခဲ့ရာမှာ သက တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးလို့ ပြောဆိုထားတဲ့အတွက် တရား လိုဘက်ကိုပဲ စစ်ဆေးခဲ့ပါတယ်။

အမျိုသားပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေကိုတော့ ပုဒ်မ ၁၈ အပါအ၀င် အမှုပေါင်းအနည်းဆုံး ၂၀ ကျော်ကနေ ၈၀ လောက်ထိ တရားစွဲဆိုခံနေ ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013