
မန်ချက်စတာစီးတီး ကွင်းလယ်လူ ဖီလ်းဖိုဒန်ဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီးနောက် ဒါဟာ ပွဲစဉ်ဇယားတွေများပြားလွန်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဖြစ်တယ်လို့ PFA အကြီးအကဲ မိုလန်ဂိုက ထောက်ပြလိုက်ပါတယ်။
ဖိုဒန်ဟာ ဒီရာသီမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတာကြောင့် နည်းပြ သောမတ်စ်တူချယ်ရဲ့ ရွေးချယ်မှုမှာ ပါဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။
မိုလန်ဂိုက စီးပွားရေးသက်သက်ပဲကြည့်ပြီး ပွဲတွေ ဆက်တိုက်ကစားခိုင်းနေတာဟာ ကစားသမားတွေကို ဖျက်ဆီးနေတာဖြစ်ပြီး ချဲလ်ဆီးက ကိုးလ်ပါးမားလည်း ဒီလိုဒဏ်ကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ဖလားဟာ ကြံ့ခိုင်မှုအကောင်းဆုံးလူပဲ အသက်ရှင်ကျန်ရစ်မဲ့ ပြိုင်ပွဲဖြစ်လာနိုင်ပြီး အာဆင်နယ်က ရိုက်စ်နဲ့ လီဗာပူးက ဗန်ဒိုက်တို့လည်း အလားတူ ဒဏ်ရာအန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးသွားပါတယ်။
Source:Reuters










