
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး ၁၀ နှစ်အကြာမှာပဲ လက်စတာစီးတီးအသင်းဟာ ချန်ပီယံရှစ် ကနေ တတိယတန်းဖြစ်တဲ့ လိဂ်ဝမ်းသို တရားဝင် တန်းဆင်းသွားခဲ့ရပါတယ်။
ဟားလ်စီးတီးနဲ့ တဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လက်စတာရဲ့ တန်းဆင်းမှုဟာ အတည် ဖြစ်သွားခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီကမှ ပရီးမီးယားလိဂ်ကနေ တန်းဆင်းလာခဲ့တဲ့ လက်စတာဟာ အခုရာသီမှာလည်း ရလဒ်တွေ ဆိုးရွားခဲ့သလို ဘဏ္ဍာရေးစည်းကမ်းဖောက်ဖျက်မှုကြောင့် ရမှတ် ၆ မှတ် လျှော့ချ ခံခဲ့ရ တာကလည်း တန်းဆင်းရခြင်းရဲ့ အဓိကအကြောင်းရင်း တခုဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ ၃ ပွဲကစားဖို့ ကျန်ရှိနေသေးပေမဲ့ တန်းဆင်းဇုန်လွတ်ရာ အဆင့်နဲ့ ၈ မှတ်အကွာမှာ ရှိနေတာကြောင့် အမှတ်မီဖို့ မဖြစ်နိုင်တော့တာပါ။
အသင်းဥက္ကဋ္ဌ အိုင်ရာဝပ်ကတော့ ဒီကျရှုံးမှုအတွက် ပရိသတ်တွေကို တောင်းပန်ခဲ့ပြီး အသင်းကို အမြန်ဆုံး ပြန်လည်တည်ဆောက်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။
Photo: Reuters










