DVB Logo
Home
အားကစား
ဘရာဇီးလိဂ်ထိပ်သီး ဆန်းတို့စ်အသင်း  ပထမဆုံးအကြိမ် တန်းဆင်း
DVB
·
December 8, 2023
ဘရာဇီးလိဂ်ထိပ်သီး ဆန်းတို့စ်အသင်း  ပထမဆုံးအကြိမ် တန်းဆင်း
Donate to DVB

ဘရာဇီးလိဂ်ထိပ်သီး ဆန်းတို့စ်အသင်းဟာ အသင်းသမိုင်းတလျှောက် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းကာလမှာ ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရပါတယ်။

ဘရာဇီးလိဂ်နောက်ဆုံးပွဲစဉ်တွေကို ဒီဇင်ဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဆန်းတို့စ်အသင်းက ဖော်တာလီဇာအသင်းကို ၂ ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းသွားခဲ့ရတာပါ။

စုစုပေါင်း ၃၈ ပွဲ ကစားအပြီးမှာ ၁၁ ပွဲနိုင် ၁၀ ပွဲသရေ ၁၇ ပွဲရှုံးခဲ့ပြီး ရမှတ် ၄၃ မှတ်သာရရှိခဲ့တဲ့ ဆန်းတို့စ်အသင်းဟာ အဆင့် ၁၇ နေရာနဲ့ ရာသီသိမ်းခဲ့တာပါ။

ဘရာဇီးလိဂ်မှာ စုစုပေါင်း အသင်း ၂၀ ရှိပြီး အောက်ဆုံးလေးသင်းအထိ တန်းဆင်းရတာကြောင့် အဆင့် ၁၇ က ဆန်းတို့စ်လည်း တန်းဆင်းခဲ့ရတာပါ။

အသင်းတည်ထောင်ခဲ့တဲ့ နှစ်ပေါင်း ၁၁၁ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် တန်းဆင်းခဲ့ရတာပါ။ မာရာဒိုနာ၊ နေမာအစရှိတဲ့ နာမည်ကျော်ကစားသမားတွေ ကစားခဲ့ဖူးတဲ့ ဆန်းတို့စ်အသင်းဟာ ပြီးခဲ့နှစ်တွေအတွင်းဘဏ္ဍာရေးဆိုင်ရာပြဿနာတွေရှိခဲ့တာပါ။

ပရိသတ်တွေကတော့ ဒေါသထွက်နေပြီး လမ်းမပေါ်က ကားတွေနဲ့ ဘက်စ်ကားတွေကို မီးရှို့ခဲ့ကြပါတယ်။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013