လိဒ်စ်ကို နိုင်ခဲ့ပေမဲ့ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရတဲ့ ဝက်စ်ဟမ်းအသင်းရဲ့ အခြေအနေအပေါ် ပရိသတ်တွေက စိတ်ပျက်ဝမ်းနည်းနေကြပေမဲ့ တရာသီလုံး ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် အခုလို တန်းဆင်းရတာဟာ မလွှဲမရှောင်သာတဲ့ ရလဒ်တခုဖြစ်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
ပရိသတ်အချို့က နောက်ဆုံးပွဲအထိ အဖြစ်မခံဘဲ စောစောစီးစီး ရုန်းထွက်ခဲ့သင့်တယ်လို့ ဆိုကြပြီး အချို့ကတော့ ပိုင်ရှင် ဒေးဗစ် ဆူလီဗန်ရဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့ ကစားသမားခေါ်ယူမှု ညံ့ဖျင်းတာတွေကို ပြစ်တင်ဝေဖန်နေကြပါတယ်။
နည်းပြ နူနိုရဲ့ နည်းဗျူဟာပိုင်း ခံစစ်ပိတ်ကစားလွန်းတာနဲ့ လူရွေးချယ်မှု အမှားတွေကို ထောက်ပြသူတွေ ရှိသလို လာမဲ့ရာသီ ချန်ပီယံရှစ်မှာ အသင်းကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပြီး ပရီးမီးယားလိဂ်ဆီ ချက်ချင်းပြန်တက်လာဖို့ မျှော်လင့်နေကြပါတယ်။
ဒါ့အပြင် အသင်းက လူငယ်ကစားသမားတွေကို နေရာပေးဖို့ အခွင့်အရေးကောင်း ဖြစ်တယ်လို့ ရှုမြင်နေကြပြီး အချို့ကတော့ ချန်ပီယံရှစ်ရဲ့ ပရက်စတန်၊ လင်ကွန်း စတဲ့ အဝေးကွင်းပွဲစဉ်တွေကို သွားရောက်အားပေးဖို့ နောက်ပြောင်ကျီစယ်ကာ ရင်ဆိုင်ဖို့ ပြင်ဆင်နေကြပါတယ်။










