DVB Logo
Home
မြန်မာသတင်း
မင်းပြား လွှတ်တော်ကိုယ်စားလှယ်တဦး ထောင်ဒဏ် ၆ လ ချမှတ်ခံရ
DVB
·
January 28, 2016
မင်းပြား လွှတ်တော်ကိုယ်စားလှယ်တဦး ထောင်ဒဏ် ၆ လ ချမှတ်ခံရ
Donate to DVB

ရခိုင်အမျိုးသားပါတီက ၂၀၁၅ မှာ ရွေးကောက်ခံထားရတဲ့ မင်းပြားမြို့က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တဦး ထောင်ဒဏ် ၆ လ ချမှတ်ခံလိုက်ရပါတယ်။

မင်းပြားပြည်နယ်လွှတ်တော်အမှတ် ၁ က ရွေးကောက်ခံထားရတဲ့ ရခိုင်ပါတီ ကိုယ်စားလှယ်လောင်း ဦးလှအောင်ညွန့်ကို ဒီနေ့ပဲ မြေပုံမြို့နယ်တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာလို့ အဲ့ဒီပါတီက ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ရွေးကောက်ပွဲမတိုင်မီ ဒေါ်ဦးမြကြည်က အဲ့ဒီကိုယ်စားလှယ်လောင်းဟာ သူ့အိမ်ထဲကို ၀င်လာပြီးတော့ ဒေါက်တာ စံရွှေအောင်ဘက်ကနေပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ မလုပ်နဲ့ အမကို အသေသတ်လို့ရတယ်။ ဒီအိမ်မှာ အသေသတ်ပစ်ခဲ့လို့ရတယ်လို့ ခြိမ်းခြောက်ပြီးတော့ ထွက်သွားပါတယ်ဆိုပြီးတော့ စွဲဆိုခဲ့တဲ့အမှု ပုဒ်မ ၄၅၁ (ပိုင်နက်ကျူးလွန်မှု)က ၆ လ၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်မှု) ဒုတိယပိုင်းက ၆ လ ဒီနေ့ပဲ ချလိုက်တယ်။”

ရုံးပြောင်းစစ်ဖို့ တင်ပြခဲ့လို့ မင်းပြားကနေ မြေပုံတရားရုံးမှာ ပြောင်းစစ်ပြီး အခုလို အမိန့်ချခဲ့တာ ဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်အဆင့် ကိုယ်စားလှယ် ၂၃ ဦး ရွေးကောက်ခံထားရပြီး အခု တဦး ထောင်ကျသွားတဲ့အတွက် ၂၂ ဦးပဲ ကျန်တော့မှာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါတီ ၂၀ ကျော်က ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်ပေါင်း ၁၁၀၀ ကျော်ရှိတဲ့အနက် အခု ကိုယ်စားလှယ်လောင်းတဦး ထောင် ၆ လ ပြစ်ဒဏ်ချမှတ်ခံရတာ ပထမဆုံး ဖြစ်ပါတယ်။

ပြည်နယ်တိုင်းဒေသကြီး ရွေးကောက်ပွဲဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် တည်ဆဲဥပဒေ တရပ်ရပ်အရ ထောင်ဒဏ်အကျခံရလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိစေရဟု သတ်မှတ်ပြဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013