
တောင်ကိုရီးယားက ကမ္ဘာကျော် BTS ကေပေါ့ပ်အဖွဲ့ရဲ့ အခမဲ့ဖျော်ဖြေပွဲကို မျှော်မှန်းထား သလောက် ပရိသတ်မလာတဲ့အတွက် Hybe ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေ ထိုးကျသွားပါတယ်။
စစ်မှုထမ်းဖို့ နားထားရာကနေ ပြန်လည်ပေါင်းစည်းခဲ့တဲ့ ဒီဖျော်ဖြေပွဲကို မတ် ၂၁ ရက်က ဆိုးလ်မြို့ ဂွမ်ဟွာမွန်းရင်ပြင်မှာ ကျင်းပခဲ့တာပါ။
ပရိသတ် ၂၅၀,၀၀၀ လောက် လာမယ်လို့ ခန့်မှန်းထားပေမဲ့ တကယ်တမ်းမှာ ၁၀၄,၀၀၀ လောက်ပဲ လာရောက်ခဲ့လို့ မတ် ၂၃ ရက်မှာ Hybe ကုမ္ပဏီရှယ်ယာစျေး ၁၅ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်း ခဲ့ပါတယ်။
ဒီဖျော်ဖြေပွဲကို Netflix ကနေ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့သလို တင်းကျပ်တဲ့ လူစုလူဝေး ထိန်းချုပ်မှုတွေကြောင့်လည်း မျှော်မှန်းသလောက် လူမလာတာဖြစ်နိုင်တယ်လို့ သုံးသပ် ကြပါတယ်။
သူတို့ရဲ့ Arirang အယ်လ်ဘမ်သစ်ဟာ ထွက်ထွက်ချင်း ပထမဆုံးနေ့မှာပဲ အချပ်ရေ ၃ ဒသမ ၉၈ သန်း ရောင်းချခဲ့ရပါတယ်။
BTS အဖွဲ့ဟာ Hybe ကုမ္ပဏီရဲ့ အဓိက ဝင်ငွေရင်းမြစ်ဖြစ်ပြီး သူတို့နားထားချိန်မှာ ကုမ္ပဏီ အမြတ်ငွေ အတော်လေး ကျဆင်းခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့အနေနဲ့ ကေပေါ့ပ်လောကထဲက တခြားနာမည်ကျော် အဖွဲ့တွေရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် Netflix က သူတို့ရဲ့ အအောင်မြင်ဆုံး ကေပေါ့ပ် Demon Hunters ရုပ်ရှင် နောက်ဆက်တွဲ အနေနဲ့ သုံးဘက်မြင်ရုပ်လုံးကြွပုံရိပ်တွေနဲ့ ဇာတ်ဝင်တေးအဆိုတော်တွေက နောက်ခံသီဆိုပေးတဲ့ ပုံစံမျိုး ကမ္ဘာလှည့်ဖျော်ဖြေပွဲတွေ လုပ်ဖို့စီစဉ်နေပါတယ်။
Source: Reuters
Reference:
BBC -BTS agency shares drop after comeback show turnout falls short
CNBC- BTS comeback draws a smaller crowd than hoped, hitting parent company Hybe’s shares
The Korea Times- HYBE shares plunge 15% as BTS comeback concert draws far less fans than expected
Bloomberg- BTS Comeback Show’s Turnout Falls Short, Sparking Hybe Selloff










