DVB Logo
Home
မြန်မာသတင်း
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စီမံကိန်းများအတွက် ဘတ်ဂျက်တချို့ လျှော့ချဖြတ်တောက်
DVB
·
January 19, 2016
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စီမံကိန်းများအတွက် ဘတ်ဂျက်တချို့ လျှော့ချဖြတ်တောက်
Donate to DVB

လာမယ့်ဘဏ္ဍာနှစ် ပြည်ထောင်စုအဆင့် ဌာနတွေရဲ့ လုပ်ငန်းစီမံကိန်းတွေအတွက် လျာထားတာထဲက ကျပ်သန်းပေါင်း ၆၁၃၀၀၂ ကို ပြည်ထောင်စုလွှတ်တော်ကနေ လျှော့ချ ဖြတ်တောက်လိုက်ပါတယ်။

ဇန်န၀ါရီ ၁၈ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်လိုက်တာဖြစ်ပြီး ဒီအပေါ်မှာ ဥပဒေကြမ်းကော်မတီက တင်သွင်းတဲ့ လျှော့ချမယ့် အချက်တော်တော်များများကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက လက်ခံခဲ့ကြပြီး တချို့ကိုတော့ မဲခွဲဆုံးဖြတ်ခဲ့တာပါ။

လျှော့ချ ဖြတ်တောက်ခံရတာထဲမှာ လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက ကျပ်သန်းပေါင်း ၁၄၈၄၁၅ ကျော်နဲ့ အများဆုံးဖြစ်ပြီး လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၁၁၁၃၅၀ ကျော်၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာနက ကျပ်သန်းပေါင်း ၈၀၀၀၁ ကျော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ကျပ်သန်းပေါင်း ၇၇၉၆၆ ကျော် ဖြစ်ပါတယ်။

လျာထားတဲ့ စီမံကိန်းတွေထဲက ကျပ်သန်းပေါင်း ၄၉၀၀၀ ကျော်ကိုတော့ လုံးဝမလုပ်ဖို့ လွှတ်တော်က ပယ်ချလိုက်ပါတယ်။

လွှတ်တော်အနေနဲ့ ပြီးခဲ့တဲ့ လေးနှစ်ကာလမှာ အစိုးရရဲ့ ဘတ်ဂျက်တွေကို ထိုက်သင့်သလောက် မထိန်းသိမ်းနိုင်ခဲ့ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဝေဖန်ပြောကြားသွားခဲ့ပါတယ်။

လာမယ့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ပြည်ထောင်စုအဆင့် ဌာနတွေက တင်ပြလာတဲ့ အသုံးစရိတ် ဘတ်ဂျက်ငွေ စုစုပေါင်းက ကျပ် ဘီလျံ  ၂၁၀၀ ကျော် ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013