
ပိုလန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ အိုစထရိုလက်ကာမြို့က ကျောင်းတကျောင်းမှာ ဓားနဲ့ တိုက်ခိုက်မှု တခု ဖြစ်ခဲ့လို့ လူ ၁၀ ယောက် ဆေးရုံတင်ထားရတယ်လို့ မြို့တော်ဝန်က အောက်တိုဘာ ၇ ရက်မှာ ပြောပါတယ်။
ကျောင်းသား ၅ ယောက်၊ ဆရာ ၂ ယောက်၊ အနီးအနားရှိသူ ၂ ယောက်နဲ့ တိုက်ခိုက်သူတို့ ဆေးရုံ ရောက်နေပေမဲ့ ဘယ်သူမှ အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာတွေ မရထားဘူးလို့ မြို့တော်ဝန် ပါဝဲလ်နီဝိုင်အာဒမ်စကီက ပြောပါတယ်။
တိုက်ခိုက်သူက သူ့ကိုယ်သူ ဒဏ်ရာရအောင် လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့က ဖမ်းထားပုံရတဲ့ အမျိုးသား တယောက် သစ်တောဧရိယာတခုမှာ မှောက်လျက်လဲကျနေတဲ့ ဓာတ်ပုံတပုံကို Xလူမှုကွန်ရက် ပေါ်မှာ တင်ခဲ့ပါတယ်။
"မနက် ၁၁ နာရီကျော် လောက်မှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသားတယောက်ဟာ အိုစထရိုလက်ကာမြို့က ကျောင်းတကျောင်းဆီ ရောက်လာပြီး အန္တရာယ်ရှိတဲ့ ကိရိယာတခုနဲ့ ကျောင်းသားတွေ ဆရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ဇေရန်စကီက ပြောပါတယ်။
ကြိုတင်ကာကွယ်မှုအနေနဲ့ မြို့တွင်းက ကျောင်းအားလုံးကို ပိတ်ထားလိုက်ပြီလို့ ဒေသန္တရအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Source: Reuters











