
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ ဆီဆိုင်က ဆီသိုလှောင်ကန် အောက်တိုဘာ ၂၀ ရက် ဒီမနက် ၁၀ နာရီက မီးလောင်မှုဖြစ်ပွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ဆီဆိုင်အနောက်က အိမ်မှာ ဆီသိုလှောင်ထားတာ။ အဲဒီနေရာက စလောင်တာလို့ ပြောတယ်။ မီးငြှိမ်းနေရတုန်းပဲ” လို့ DVB ကို ပြောပါတယ်။
မီးလောင်မှုဖြစ်တဲ့နေရာကို မူဆယ်မြို့နယ် မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်နေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဖော်ပြပါတယ်။
ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။











