အီတလီ ဆစ္စလီကျွန်းက ပိုဇာလိုဆိပ်ကမ်းမှာ ကားတစီးထဲဝှက်ပြီး တရားမဝင် သယ်ဆောင်လာတဲ့ ရှားပါးမျိုးစိတ် တိရစ္ဆာန် ၇၆ ကောင် အပါအဝင် ရှားပါးတိရစ္ဆာန် ၃၇၇ ကောင်ကို ဖမ်းမိခဲ့တယ်လို့ နိုင်ငံရဲ့ ဘဏ္ဍာရေးရဲတပ်ဖွဲ့က အောက်တိုဘာ ၅ ရက်မှာ ပြောပါတယ်။
ဘဏ္ဍာရေးရဲတပ်ဖွဲ့နဲ့ အကောက်ခွန်အရာရှိတွေဟာ မော်လ်တာနိုင်ငံဘက်ထွက်ဖို့ ကာတာမားရန် သင်္ဘောပေါ်တက်ဖို့ ပြင်နေတဲ့ မော်လ်တာနိုင်ငံသားတယောက်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး သူ့ကားထဲမှာ လိပ် ၃၀၀ နဲ့ ကြက်တူရွေး ၇၇ ကောင်ကို တွေ့ခဲ့တာပါ။
အဲဒီအမျိုးသားဟာ တိရစ္ဆာန်တွေကို လုံလောက်တဲ့ နေရာအကျယ်အဝန်း ဒါမှမဟုတ် အပူချိန်ထိန်းချုပ်မှုတွေ မရှိတဲ့ ကားပေါ်မှာ တင်လာခဲ့တာလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
အာဏာပိုင်တွေက တိရစ္ဆာန်တွေကို သိမ်းဆည်းပြီး ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့ မွေးမြူရေးစင်တာတခုဆီ ပို့ပေးခဲ့ပါတယ်။
Source: Reuters











