DVB Logo
Home
အားကစား
လီဗာပူး၊ ဘိုင်ယန်၊ တီကိုနှင့် ဘာကာတို့ ချန်ပီယံလိဂ် ကွာတားတက်
DVB
·
March 19, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဥရောပ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ လက်ကျန်ပွဲတွေကို ဒီနေ့မနက်ပိုင်းမှာ ကစားခဲ့ရာမှာ လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ အက်သလက်တီကိုနဲ့ ဘာစီလိုနာအသင်းတို့ ကွာတားဖိုင်နယ်အဆင့်ကို တက်သွားပါတယ်။

ဂါလာတာစာရေးအသင်းကို ပထမအကျော့က ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့တဲ့ လီဗာပူးအသင်းဟာ အိမ်ကွင်းမှာ ၄ ဂိုး ဂိုးမရှိနဲ့ ပြန်အနိုင်ယူပြီး နောက်တဆင့်တက်သွားတာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းကတော့ စပါးအသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ပထမအကျော့မှာ ၅ ဂိုး ၂ ဂိုးနဲ့ နိုင်ထားတာကြောင့် နှစ်ပွဲပေါင်းရလဒ် ၅ ဂိုး ၇ ဂိုးနဲ့ ကွာတားဖိုင်နယ်တက်သွားတာပါ။

ပထမအကျော့မှာ အတ္တလန္တာအသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ နိုင်ထားတဲ့ ဘိုင်ယန်မြူးနစ်ကတော့ အိမ်ကွင်းမှာလည်း ၄ ဂိုး ၁ ဂိုးနဲ့ ထပ်နိုင်ပြီး နှစ်ကျော့ပေါင်း ၁၀ ဂိုး ၂ ဂိုးနဲ့ နောက်တဆင့်တက်သွားပါတယ်။

ပထမအကျော့တုန်းက နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ တဂိုးစီသရေကျထားတဲ့ ဘာစီလိုနာအသင်းကလည်း ဒီနေ့ပွဲမှာ ၇ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်သွားတာဖြစ်ပါတယ်။

ဥရောပချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ရဲ့ ပထမအကျော့ ပွဲစဉ်တွေကိုတော့ ဧပြီ ၈ ရက်နေ့ စပြီး ကစားကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013