DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီက ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန်ရှိ
DVB
·
November 24, 2015
အန်အယ်လ်ဒီက ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့နှင့် တွေ့ဆုံရန်ရှိ
Donate to DVB

၂၀၁၅ ရွေးကောက်ပွဲအပြီး မကြာခင်က ပြုလုပ်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရဲ့ အစည်းအဝေးမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (ယူအန်အေ) နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တယ်လို့ အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီလို ဆုံးဖြတ်ခဲ့ပြီးနောက် သွားရောက်တွေ့ဆုံမယ့် လူတွေကို ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

"ဘယ်သူတွေ သွားတွေ့ဖိုဆိုတာ ရှိပြီးသား၊ ကျနော်တို့က ဘာကိုစောင့်လိုက်လဲဆိုတော့ ရွေးကောက်ပွဲ ကြေညာတာ စောင့်လိုက်တာ၊ အခု ရွေးကောက်ပွဲ ကြေညာတာလည်း ပြီးသွားပြီဆိုတော့ ကျနော်တို့ မကြာခင် တွေ့တော့မှာပါ။"

ယူအန်အေဘက်ကလည်း အန်အယ်လ်ဒီနဲ့  တွေ့ဆုံဖို့ ပြင်ဆင်ထားတယ်လို့ ယူအန်အေမှာ ပါဝင်တဲ့ ရခိုင်အမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေအနေနဲ့ အလုပ်များနေတာကြောင့် တွေ့ဆုံမယ့်ရက်ကို အတိအကျ မပြောနိုင်သေးပေမယ့် အစောဆုံး တွေ့ဆုံသွားမှာလို့လည်း ဦးဉာဏ်ဝင်းက ဒီဗွီဘီကို အတည်ပြု ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013