DVB Logo
Home
မြန်မာသတင်း
သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ သွားရောက်
DVB
·
November 20, 2015
သမ္မတ ဦးသိန်းစိန် မလေးရှားနိုင်ငံ သွားရောက်
Donate to DVB

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ၂၇ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူကို ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက်က ထွက်ခွာသွားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့မနက် ၉ နာရီလောက်က မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်နဲ့ ထွက်ခွာသွားတာဖြစ်ပြီး ဒု-သမ္မတ စိုင်းမောက်ခမ်းနဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က လိုက်ပါပို့ဆောင်ခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့ရုပ်သံက ထုတ်လွှင့်သွားပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို မလေးရှားနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

အစည်းအဝေးကျင်းပမယ့် မြို့တော်ကွာလာလမ်ပူမှာ အိုင်အက်စ် အသေခံဗုံးခွဲ အကြမ်းဖက်သမား ၁၀ ဦး ရောက်နေတယ်လို့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေ ထွက်နေတာကြောင့် စစ်သည်အင်အား ၂၀၀၀ လောက်နဲ့ ရဲတွေအပါအ၀င် လုံခြုံရေးအလုံးအရင်း ချထားပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေနဲ့  အမေရိကန်သမ္မတ အိုဘားမား အပါအ၀င် သြစတြေးလျ၊ နယူးဇီလန်၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံက ခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိနေတာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013