
မာလီနိုင်ငံမြောက်ပိုင်းက တက်ဆာလစ်မြို့မှာ လက်နက်ကိုင်အဖွဲ့ဝင်တွေဟာ အတားအဆီးတွေ၊ ယာယီကွန်တိန်နာအဆောက်အအုံတွေ ရှိနေတဲ့ စစ်အခြေစိုက်စခန်းတခုလို နေရာမှာ အာဇာဝဒ် လွတ်မြောက်ရေးတပ်ဦး (FLA )ရဲ့ အလံကို လွှင့်ထူနေကြပါတယ်။
သတင်းရင်းမြစ်တွေရဲ့ အဆိုအရ သောကြာနေ့မှာ FLA က တက်ဆာလစ်မြို့ကို သိမ်းလိုက်တာ ဖြစ်ပြီး တဖက်မှာလည်း အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်တဲ့ JNIM အဖွဲ့က မြို့တော် ဘာမာကိုကို သွားတဲ့ လမ်းမကြီးတွေမှာ စစ်ဆေးရေးဂိတ်တွေ ချထားလိုက်ပါတယ်။
သူတို့က ပြည်သူတွေကို စစ်အစိုးရကို တော်လှန်ဖို့နဲ့ ရှာရီယာဥပဒေကို ကျင့်သုံးဖို့လည်း လှုံ့ဆော် နေပါတယ်။
ဧပြီ ၂၅ ရက်က ကာကွယ်ရေးဝန်ကြီး သတ်ဖြတ်ခံရပြီး ကီဒါလ်မြို့ ကျသွားပြီးနောက်ပိုင်း လုံခြုံရေး အခြေအနေက အဆိုးဆုံး ဖြစ်လာပါတယ်။
JNIM အဖွဲ့က မြို့တော်ကို အကုန်ပိတ်ဆို့ထားမယ်လို့ ခြိမ်းခြောက်နေပြီး အခုလည်း ကုန်စည်တွေ ဝင်မရအောင် တားဆီးနေပါတယ်။
မာလီစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မှတ်ချက် တောင်းခံမှု အပေါ် တစုံတရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။
Source:Reuters










