
မန်ချက်စတာစီးတီး အမျိုးသမီးအသင်းဟာ ဝက်စ်ဟမ်းကို (၄-၁) ဂိုးနဲ့ နိုင်ပြီး ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် အမျိုးသမီး စူပါလိဂ် ချန်ပီယံဆုကို ဆွတ်ခူးသွားပါတယ်။
ဒီပွဲမှာ ၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဘန်နီရှောဟာလိဂ် သမိုင်းမှာ မတူညီတဲ့ ဘောလုံးရာသီ ၃ ခုမှာ ဂိုး ၂၀ ပြည့်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပေမဲ့ လာမဲ့ နွေရာသီမှာ စာချုပ်ကုန်တော့မှာဖြစ်လို့ အသင်းမှာ ဆက်ရှိဖို့ မသေချာသေးပါဘူး။
တဖက်မှာတော့ ၆ နှစ်ဆက် ချန်ပီယံ ချဲလ်ဆီးအသင်းဟာ အဆင့် ၃ နဲ့ ရာသီပိတ်ခဲ့ရပြီး ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဆမ်ကာနဲ့ အသင်းခေါင်းဆောင် မီလီဘရိုက်တို့ဟာလည်း အသင်းကနေ ထွက်ခွာသွားခဲ့ကြပါတယ်။










