DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပြဿ နာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် RCSS/SSA အပစ်ရပ်လက်မှတ်ထိုးမည်
DVB
·
October 8, 2015
နိုင်ငံရေးပြဿ  နာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်  RCSS/SSA အပစ်ရပ်လက်မှတ်ထိုးမည်
Donate to DVB

နိုင်ငံရေးပြဿ  နာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးမယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က  ပြောပါတယ်။

လာမယ့် အောင်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကြား တပြည်လုံးအပစ်ခတ်ရပ်စဲရေး ဆိုင်ရာ အန်စီအေ သဘောတူစာချုပ် လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA အဖွဲ့လည်း နိုင်ငံရေးပြဿ  နာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ အန်စီအေ စာချုပ်ကို လက်မှတ်ထိုးမှာဖြစ်တယ်လို့ RCSS/SSA  ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ်က  အောက်တိုဘာလ ၈ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်ပွဲမှာ ပြောပါတယ်။

“ကျနော်တို့ အဖွဲ့အနေနဲ့ အန်စီအေ ကို လက်ရေးထိုးရတဲ့ အကြောင်းအရင်းကလည်း ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ဖြစ်ဖို့ နိုင်ငံရေးပြသနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ပါဘဲ။ အကယ်လို ကျနော်တို့ လက်မှတ်မထိုးဘူးဆိုရင် နိုင်ငံရေးဆွေးနွေးဖို့ အစိုးရက ခွင့်မပြုဘူးဖြစ်နေတယ်။”

အန်စီအေ ဖြစ်ပေါ်လာဖို့ အဖွဲ့အစည်းတွေ အသီးသီးပါဝင်နေတာဖြစ်တာကြောင့် အဖွဲ့အားလုံးက လက်မှတ်ရေးထိုးဖို့ သဘောတူကြပေမယ့် အခြေအနေ မပေးသေးတဲ့အတွက် မထိုးသေး တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို အန်စီအေ လက်မှတ်ရေးထိုးခြင်းဖြစ် အတိတ်မှာ ဖြစ်ခဲ့တဲ့ နိုင်ငံရေးပြဿ  နာတွေကို သင်ခန်းစာယူပြီး အနာဂတ်နိုင်ငံရေးကို ပိုပြီး ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ့်အကြောင်းပြောပါတယ်။

“RCSS၊ SSA အနေနဲ့ ဒီ အန်စီအေ  လက်မှတ်ရေးထိုးဖို့ကို အဖက်ဖက်ကို ဆွေးနွေးရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုတွေ အမြင်သဘောထားမှာလည်း ပင်လုံစာချုပ်ကြီး ရှိခဲ့တာတောင်မှ  ပင်လုံစာချုပ်ကို ချိးဖောက်တာတွေရှိခဲ့သလို နှစ် ၂၀ ကျော် အပစ်ခတ်ရပ်စဲတာ တွေလည်း လုပ်ခဲ့တယ်။  ဒီအပေါ်မှာလဲ တိုက်ပွဲပြန်ဖြစ်ခဲ့တာကြောင့် အခု လက်မှတ်ရေးထိုးတဲ့ အခါမှာရော ဘယ်လောက်ထိ ခိုင်မာမလဲဆိုတဲ့ ပြည်သူတွေရဲ့ သံသယတွေ ရှိပါတယ်။ ဒါတွေအဖက်ဖက် ဆွေးနွေးသုံးသတ်ပြီးတော့ အန်စီအေ လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲအတွက် နိုင်ငံတာကာမှာ မျက်နာရဖို့အတွက် အန်စီအေ ကို ဆောင်ရွက်တာမျိုးလည်း မဖြစ်စေချင်တဲ့အကြောင်း ပြောပါတယ်။ လက်နက်ဖျက်သိမ်းရေး ကိစ္စမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတွက်သာမဟုတ်ဘဲ လက်နက်ဖျက်သိမ်းမယ်ဆိုရင် တပ်မတော်လည်း ဖျက်သိမ်းရေမှာဖြစ်တယ်လို့ ပြောပါတယ်။

သူအနေနဲ့ လက်မှတ်ရေးထိုးပြီးတာနဲ့ တိုက်ပွဲမရှိတော့ဘူးဆိုတာ အာမ မခံနိုင်ကြောင်း လက်မှတ်ရေးထိုးပြီးရင် နှစ်ဖက်ပိုပြီးခိုင်မှာတဲ့ ယုံကြည်မှုတွေ တည်ဆောက်ဖို့ ဆောင်ရွက်သွား မှာ ဖြစ်ပါတယ်။ လောလောဆယ် အစိုးရတပ်နဲ့ ရှမ်းတိုင်းရင်းသား လက်နက်ကိုင် နောက်တဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းတို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

အစိုးရက အပစ်ရပ်ရေး အန်စီအေ စာချုပ်မှာ လက်မှတ်ထိုးဖို့ ဖိတ်ထားတဲ့ အဖွဲ့ ၁၅ ဖွဲ့ထဲမှာ  ရှမ်းပြည်တပ်မတော် တောင်ပိုင်း အပါအ၀င် ၈ ဖွဲ့က ပါဝင်မှာ  လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013