DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါတွင် ပြည်သူနှင့်တော်လှန်ရေးရဲဘော်များအား သတ်ဖြတ်မှု၌ ပါဝင်ခဲ့သူ ပျူစောထီး ၁ ဦးကို ဖမ်းမိ
DVB
·
July 7, 2026
Photo: Black Dragon Force
Photo: Black Dragon Force
Donate to DVB

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ပြည်သူနဲ့တော်လှန်ရေးရဲဘော်တွေကို သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်ခဲ့သူ ပျူစောထီးတဦးကို ဇူလိုင် ၆ ရက်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ Black Dragon Force (အထူးလှုပ်ရှားတပ်ဖွဲ့) ဆီကနေ သိရပါတယ်။

Black Dragon Force ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ဂန့်ဂေါမြို့နယ်အဆင့်ပျူခေါင်းဆောင် ဖိုးဇော် ရဲ့ တပည့်အရင်းဖြစ်တဲ့ ချစ်စနိုးကို (ခေါ်) မဲကြီးကို သူ့အသိတယောက်ရဲ့ အကူအညီနဲ့ ဖုန်းဝယ်ပေးမယ်လို့ ဆက်သွယ်ခိုင်းပြီး မြို့ပြင်ကိုခေါ်ထုတ်ခဲ့တာ။ မြို့ပြင်ရောက်တော့မှ ဝင်လုံးပြီး ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးမိတဲ့အချိန်ကတော့ မနက် ၁၀ နာရီလောက်မှာပါ။ သူက ဒီ ဂန်ဂေါမြို့နယ် ထဲက လယ်မရွာထဲမှာ ကလေးသူငယ် ၄ ယောက်အပါအဝင် ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော် တွေ စုစုပေါင်း ၁၁ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ စစ်ကြောင်းမှာပါဝင်ခဲ့ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာမို့လို့ အခုလိုဖမ်းဆီးခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။

အရှင်ဖမ်းဆီးရမိတဲ့ ချစ်စနိုးကို (ခေါ်) မဲကြီး ပါဝင်ခဲ့တဲ့ အင်အား ၉၀ နီးပါးပါ ဂန့်ဂေါမြို့ ခလရ ၅၀ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခု မေ ၁၂ ရက်က ဂန့်ဂေါမြို့နယ် လယ်မရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့​ဝင်တွေကို သတ်ဖြတ် ခဲ့ကြတာလို့ ဆိုပါတယ်။

အဆိုပါ ပျူစောထီး ချစ်စနိုးကို (ခေါ်) မဲကြီးဟာ ဂန့်ဂေါမြို့ပေါ်မှာနေထိုင်သူဖြစ်ကာ ဂန့်ဂေါမြို့ အထွက် စစ်ဆေးရေးဂိတ်တွေမှာ ခရီးသွားပြည်သူ​တွေဆီကနေ ငွေကြေးတောင်းခံရသလို စစ်တပ် စစ်ကြောင်းတွေလည်း လိုက်ပါရသူဖြစ်တယ်လို့ ဆိုပါတယ်။

Black Dragon Force ရဲ့ တာဝန်ရှိသူတယောက်က “လယ်မရွာထဲက ကလေးတွေ၊ ပြည်သူတွေနဲ့ ရဲဘော်​တွေ သတ်ခဲ့တဲ့ စစ်ကြောင်းထဲမှာ ပါဝင်ခဲ့ပြီးတော့ ထီးလင်းမြို့နယ်ထဲက ရေမျက်နီရွာ စစ်တပ်အထိုင်စခန်း​ကို ရိက္ခာပို့တဲ့ ခလရ ၅၀ က စစ်ကြောင်းနဲ့လည်း လိုက်ခဲ့သေးတယ်ဆိုတာ သူကိုယ်တိုင် ဝန်ခံထားတယ်။ လက်ရှိတော့ သူ့ကို ဂန့်ဂေါခရိုင်တပ်ရင်းတခုမှာ သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီးတော့ လိုအပ်တာတွေ ဆက်လက်စစ်ဆေးနေပါတယ်” လို့ ပြောပါတယ်။

ပျူစောထီး ချစ်စနိုးကို (ခေါ်) မဲကြီးကို ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအပေါ်မူတည်ပြီး ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို ဆက်စပ်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013