DVB Logo
Home
နိုင်ငံတကာ
WHO အဖွဲ့မှ အာဂျင်တီးနား နုတ်ထွက်
DVB
·
October 7, 2015
Photo: Reuters
Photo: Reuters
Donate to DVB

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ နုတ်ထွက်မဲ့ အာဂျင်တီးနားနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အပြီးသတ်နိုင်ခဲ့ပြီဖြစ်ကြောင်း မတ် ၁၇ ရက်မှာ ကြေညာပါတယ်။

အခုလိုမျိုး နိုင်ငံပေါင်းစုံပါဝင်တဲ့ အေဂျင်စီတခုကနေ အာဂျင်တီးနား နုတ်ထွက်မယ် ဆိုတာကို နိုင်ငံခြားရေးဝန်ကြီး ပါဘလို ကီရ်နိုကိုယ်တိုင် အတည်ပြုပေးခဲ့တာပါ။

ဒါဟာ ဇန်နဝါရီလတုန်းက အပြီးတိုင်နုတ်ထွက်ခဲ့တဲ့ အမေရိကန်ရဲ့ခြေရာကို နင်းပြီး WHO နဲ့ တရားဝင်ဆက်ဆံရေး ဖြတ်တောက်လိုက်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး နုတ်ထွက်မဲ့ကိစ္စကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကတည်းက ကနဦး ကြေညာထားခဲ့တာပါ။

အဲဒီနောက် တလအကြာမှာပဲ အာဂျင်တီးနားသမ္မတ ဟာဗီယာ မီလေးရဲ့ အစိုးရအဖွဲ့က WHO ဆီကို တရားဝင် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ကီရ်နိုက“ဒီကနေ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်အဖြစ် အာဂျင်တီးနား နုတ်ထွက်မဲ့ကိစ္စ စတင် အသက်ဝင်ပါပြီ။ ဒါဟာ တရားဝင်အသိပေးခဲ့တာ တနှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်” လို့ ဆိုရှယ်မီဒီယာပေါ်မှာ ပို့စ်တင်ထားပါတယ်။

ဒါကြောင့် WHO ကနေ အာဂျင်တီးနားကို နုတ်ထွက်ခိုင်းတာဟာ မီလေးရဲ့  လက်ယာယိမ်း မဟာမိတ်ဖြစ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်နဲ့ပါ ထပ်တူကျနေပါတယ်။

အဲဒီခေါင်းဆောင် ၂ ယောက်စလုံးက နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ကျန်းမာရေးနဲ့ ဆေးဘက်ဆိုင်ရာ ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲလိုတဲ့ လက်ဝဲမူဝါဒတွေကို ရှေ့တန်းတင်လာတယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအပေါ် ကန့်သတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ WHO ရဲ့ အစီအမံတွေ အပါအဝင် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကိုပါ သမ္မတ မီလေးက ဝေဖန်ခဲ့ဖူးပါတယ်။

WHO အကြီးအကဲ တက်ဒရိုစ်အက်ဒ်ဟမ်နွန်မ် ဂေဘရီယေးစစ်ကတော့ “နုတ်ထွက်ကြောင်း အသိပေးတာဟာ ကမ္ဘာကြီးရဲ့ လုံခြုံမှုကို ပိုမိုနည်းပါးစေတယ်” ဆိုပြီး တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ WHO ဆိုတာက အကြံပေးတဲ့အဖွဲ့အစည်းတခုသာ ဖြစ်သလို အဖွဲ့ဝင်နိုင်ငံတွေကို မူဝါဒတွေ ချမှတ်ပေးတာမျိုးလည်း မရှိပါဘူး။

အမေရိကန်နဲ့ အာဂျင်တီးနားကိုသာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ ဖယ်ရှားလိုက်ပြီဆိုရင် အဖွဲ့ဝင် ၁၉၂ နိုင်ငံ ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013