DVB Logo
Home
နိုင်ငံတကာ
စပိန်ရဲတပ်ဖွဲ့က စံချိန်တင် ကိုကင်း ၃၀ တန် ဖမ်းမိ၊ သင်္ဘောသား ၂၃ ဦး ဖမ်းဆီးထိန်းသိမ်း
DVB
·
May 23, 2026
Photo:Reuters
Photo:Reuters
Donate to DVB

စပိန်ရဲတပ်ဖွဲ့ဟာ ကနေရီကျွန်းစုအနီးမှာရှိတဲ့ သင်္ဘောတစ်စီးပေါ်ကနေ ကိုကင်း တန် ၃၀ ကို ဖမ်းဆီး ရမိခဲ့ပြီး သင်္ဘောသား ၂၃ ယောက်လုံးကိုလည်း အာမခံမပေးဘဲ ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ တရားရုံးချုပ်က မေ ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ နယ်သာလန် အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဥရောပ သမိုင်းတလျှောက် အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုဖြစ်ပြီး စပိန်နိုင်ငံရဲ့ အရင်စံချိန်တင် ပမာဏထက် ၂ ဆကျော် ပိုမိုများပြားနေပါတယ်။

ကိုမိုရိုကျွန်းစု အလံလွှင့်ထူထားတဲ့ “အာကိုနီယန်” အမည်ရှိ သင်္ဘောကို မေ ၁ ရက်မှာ စပိန် ပြည်သူ့စောင့်ရှောက်ရေး ရဲတပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သင်္ဘောပေါ်မှာ ပါလာတဲ့ ကုန်စည်တန်ဖိုးဟာ ယူရို ၈၁၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၉၅၆ သန်း) ရှိတယ်လို့ တရားရုံးက တွက်ချက်ထားပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ အဲဒီကိုကင်းတွေကို ပင်လယ်ပြင်မှာပဲ မြန်နှုန်းမြင့်လှေတွေပေါ် ပြောင်းတင်ပြီး စပိန်ပြည်မကြီးထဲကို မှောင်ခိုသွင်းဖို့ ရည်ရွယ်ထားတာလို့ ယူဆထားကြပါတယ်။

သင်္ဘောပေါ်မှာ သေနတ်တွေနဲ့ ကျည်ဆန်တွေကိုလည်း တွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေ သင်္ဘောပေါ် တက်ရောက်စစ်ဆေးချိန်မှာ ပုန်းအောင်းနေတဲ့ သင်္ဘောသား ၆ ယောက်ကိုလည်း ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

သင်္ဘောသား ၁၇ ယောက်ဟာ ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ပြီး ပုန်းအောင်းနေစဉ် အဖမ်းခံခဲ့ရတဲ့ ၆ ယောက်ကတော့ နယ်သာလန်နဲ့ ဆူရီနမ်နိုင်ငံသားတွေ ဖြစ်ကြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲကာလအတွင်း ပြစ်မှုရဲ့ ကြီးလေးမှု၊ ထွက်ပြေး တိမ်းရှောင်နိုင်ခြေနဲ့ နောက်ထပ် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့ အန္တရာယ်တွေကို ထောက်ပြပြီး တရားရုံးက အဲဒီသင်္ဘောသားတွေကို အာမခံမပေးဘဲ ဆက်လက်ချုပ်နှောင်ထားဖို့ အမိန့်ချမှတ် ခဲ့ပါတယ်။

အခုဖမ်းဆီးရမိမှုဟာ ၂၀၂၄ ခုနှစ် ဇွန်လက ဟမ်းဘတ်ခ်ဆိပ်ကမ်းမှာ ဂျာမန်ရဲတပ်ဖွဲ့ ဖမ်းဆီးရမိခဲ့တဲ့ ကိုကင်း ၂၅ တန် စံချိန်ကို ကျော်လွန်သွားခဲ့ပြီး ဥရောပရဲ့ အကြီးမားဆုံး မူးယစ်ဆေးဝါး ဖမ်းဆီး ရမိမှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ဒါ့အပြင် မနှစ်က စပိန်နိုင်ငံတောင်ပိုင်း အာလ်ဟယ်စီးရာစ်မြို့မှာ အက်ကွေဒေါနိုင်ငံက တင်သွင်း လာတဲ့ ငှက်ပျောသီးကုန်သေတ္တာတွေထဲကနေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပိန်နိုင်ငံရဲ့ ယခင်စံချိန် ၁၃ တန် ထက်လည်း ၂ ဆကျော် ပိုမိုများပြားနေတာ ဖြစ်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013