DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကဘဏ်များ ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ဗဟိုဘဏ် ကြေညာ
DVB
·
August 18, 2015
ပုဂ္ဂလိကဘဏ်များ ပိတ်သိမ်းရန် အစီအစဉ်မရှိဟု ဗဟိုဘဏ် ကြေညာ
Donate to DVB

ပြည်တွင်းပုဂ္ဂလိကဘဏ်တချို့ကို ပိတ်သိမ်းဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့ လက်ရှိထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီကနေ့ တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

မြန်မာနိုင်ငံတွင်းဘဏ်တွေဟာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းဘောင်နဲ့ အချိုးတွေအတွင်းမှာ တည်ရှိပြီး ဘဏ်လုပ်ငန်းတွေကို စနစ်တကျ ဆောင်ရွက်နေတဲ့ အတွက်ကြောင့် အခုလတ်တလော ထွက်ပေါ်နေတဲ့ ဘဏ်တွေနဲ့ပတ်သက်တဲ့ သတင်းတွေဟာ ကောလာဟလတွေဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်ကလည်း နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာနဲ့ တွေ့ဆုံမေးမြန်းရာမှာ “မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ဘယ်ဘဏ်ကိုမှ ပိတ်သိမ်းဖို့ စီစဉ်ထားတာ မရှိပါဘူး။ ဘဏ်တွေအနေနဲ့ ငွေကြေးအကျပ်အတည်းဖြစ်လာရင် မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုရှိနေစေဖို့ ဗဟိုဘဏ်က လိုအပ်တဲ့ ငွေကြေးအကူအညီတွေကို ဥပဒေနဲ့အညီ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေ အားလုံးက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ကြီးကြပ်စိစစ်မှု အောက်မှာရှိပြီး ဗဟိုဘဏ်က ပြဋ္ဌာန်းထာတဲ့ သတ်မှတ်ချက်တွေနဲ့အညီ ဘဏ်လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။” လို့ ပြောပါတယ်။

တရုတ်က ငွေတန်းဖိုးလျှော့ချလိုက်တဲ့ဂယက် မြန်မာငွေအပေါ်မှာလည်း ရိုက်ခတ်မှုရှိပြီး  မြန်မာကျပ်ငွေတန်ဖိုး အများကြီး ကျမသွားအောင် ဈေးကွက်ထဲကို ဒေါ်လာငွေ ရောင်းပေးနေတယ်လို့လည်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ကမ္ဘောဇဘဏ် ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ “ဘာမှ မပိတ်သိမ်းပါဘူး။ ဗဟိုဘဏ်ထုတ်ပြန်ချက်မှာ ပြောပြီးပြီပဲ။ တခု ငွေကြေးအခက်အခဲဖြစ်ရင် သူတို့ ၁၀၀ ရာခိုင်နှုန်း ကူညီမယ်ဆိုတာ ပြောသွားပြီပဲ။ ဘာမှ ဘာမှပြဿ  နာမဖြစ်ဘဲနဲ့ ကောလာဟလကိုပဲ သွားရှင်းနေရတာ အဓိပ္ပါယ်မရှိဘူးလေ။ ဘဏ်ကလည်း ဘာမှမဖြစ်ဘူးလေ။ ဘယ်ဘဏ်မှ ဘာမှမဖြစ်တာလေ။ အကုန်လုံးက ငြိမ်ငြိမ်သက်သက်ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အာဏာရ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်း  အပြောင်းအလဲတွေ ဖြစ်ပေါ်ပြီး  နိုင်ငံရေး မငြိမ်မသက်မှုတွေ ဖြစ်နေချိန်မှာ စီးပွားရေး လောကမှာလည်း မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေသလို ဘဏ်တချို့ ပိတ်သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013