DVB Logo
Home
မြန်မာသတင်း
မဲဆောက် ကုမ္ပဏီများနှင့် ဘဏ်လုပ်ငန်းရှင်များ မြန်မာရေဘေး လှူဒါန်း
DVB
·
August 7, 2015
မဲဆောက် ကုမ္ပဏီများနှင့် ဘဏ်လုပ်ငန်းရှင်များ မြန်မာရေဘေး လှူဒါန်း
Donate to DVB

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကုမ္ပဏီတွေနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ပူးပေါင်းပြီး မြန်မာရေဘေးဒုက္ခသည်တွေအတွက် ဘတ် ၂ သိန်း ၃ သောင်းကျော် တန်ဖိုးရှိတဲ့ အစားအစာနဲ့ အသုံးဆောင်ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။

ထိုင်းနိုင်ငံ မဲဆောက်မြို့က ကုမ္ပဏီ ၄၆ ခုနဲ့ ဘဏ်လုပ်ငန်းပိုင်ရှင်တွေ ပူးပေါင်းပြီး မြန်မာရေဘေး ဒုက္ခသည်တွေအတွက် မြဝတီမြို့မှာ ဖွင့်ထားတဲ့ အလှူခံဌာနကို သြဂုတ်လ ၆ ရက်နေ့က လာရောက်လှူဒါန်းနေကြတာပါ။

မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက “သူတို့ သတင်းကြားတာနဲ့ လာကြတာပါပဲ။ ဒီမှာ တာ့ခရိုင်ဆိုရင် ခရိုင်အုပ်ချုပ်ရေးမှူးနဲ့တကွ နောက်ကုန်သည်ကြီးများအသင်းတွေနဲ့ ချိတ်ဆက်ပြီး သိကြတော့ လာပြီးတော့ လှူဒါန်းသွားတာပေါ့” လို့ ပြောပါတယ်။

စုစုပေါင်း တန်ဖိုး ဘတ်ငွေ ၂ သိန်း ၃ သောင်း ၅ ထောင်ကျော်လောက်ရှ်ိတဲ့ သောက်ရေသန့်၊ အချိုရေ၊ ခြင်ထောင်၊ မုန့်ပုံး၊ ငါးသေတ္တာ၊ ဆန်၊ ဆီ၊ ဆား စတဲ့ ပစ္စည်းအမျိုးအစား ၉ မျိုးနဲ့အတူ ဆေးဝါးတွေလည်း ပါဝင်လှူဒါန်းခဲ့ပါတယ်။

မဲဆောက်မြို့အခြေစိုက်တဲ့ Kasikorn Bank ဘဏ်ကဦးစီးတဲ့ ဘဏ်လုပ်ငန်းရှင်တွေကလည်း မြ၀တီမြို့ ကုန်သည်ကြီးများအသင်းကနေတဆင့် အသင့်စားသုံးနိုင်တဲ့ အာဟာရစုံ အစားအစာအထုပ် ၁၀၀ ကိုလည်း မြ၀တီခရိုင်မှူးဆီကို လွှဲအပ်ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013