DVB Logo
Home
မြန်မာသတင်း
မြ၀တီနှင့် ကြာအင်းဆိပ်ကြီးတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
February 17, 2018
မြ၀တီနှင့် ကြာအင်းဆိပ်ကြီးတွင် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိ
Donate to DVB

မြဝတီမြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှာ လက်နက်၊ ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်းရမိတယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

သင်္ဃန်းညီနောင်နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖေဖော်ဝါရီ ၁၅ ရက် မွန်းလွဲပိုင်းက မြဝတီမြို့နယ် သင်္ဃန်းညီနောင် ကျေးရွာအုပ်စု ရွာသစ် ၉ဝ၇ ဝင်းအနီးနေ ကျော်နိုင်ရဲ့ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄ ပြား၊ ပြောင်းချော သေနတ် ၂ လက်၊ ၉ လုံးကျည် ၉ တောင့်၊ ပွိုင့် ၃ဝ ကျည် ၁၄ တောင့်နဲ့ မော်တော်ယာဉ်တစီးတို့ကို ဖမ်းဆီးရမိခဲ့တယ်။

ကွင်းဆက်အရ မွန်းလွဲ ၂ နာရီမှာ မြဝတီမြို့ အမှတ်(၂) ရပ်ကွက် စိန်သရဖူ (၂)လမ်းနေ ဧည့်သည်(ခ)ကြက်ကုလားရဲ့ နေအိမ်ကို ရှာဖွေရာ အေးနိုင်(ခ)သံပိုက်အား တွေ့ရှိပြီး စိတ်ကြွရူးသွပ် ဆေးပြား ၂၁၈ဝဝ နဲ့ လက်ကိုင်ဖုန်းတလုံးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက် မနက်ပိုင်းက တပ်မတော်နဲ့  နယ်မြေရဲတပ်ဖွဲ့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ အမှတ်(၂)ရပ်ကွက်ရှိ မြစန္ဒာဝင်းရဲ့ နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၄၁ ပြား၊ အိုက်စ် ၃ ဒသမ ၆၅ ဂရမ်၊ ငွေကျပ် ၇ဝဝဝ၊ ထိုင်း ဘတ် ၃၁၆ဝ ကို သိမ်းဆည်းရမိခဲ့တယ်။

ဒါ့အပြင် မွန်းတည့် ၁၂ နာရီလောက် မူးယစ်တပ်ဖွဲ့စု (၆)ကသာမှ တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ရွှေဘို-မြစ်ကြီးနား ကားလမ်းမှာ နိုင်ဦး မောင်းနှင်လာတဲ့ မော်တော် ဆိုင်ကယ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၉၆ဝဝ နဲ့ ငွေကျပ် ၁ဝ သိန်း၊ ညနေ ၅ နာရီခွဲမှာ ကသာမြို့နယ် မီးရထားသံလမ်းကူးအနီး ကျော်လင်းထွန်း(ခ)ဖိုးတုတ် မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၆ဝဝ ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာပဲ မူးယစ်တပ်ဖွဲ့စု (၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပင်လောင်းမြို့နယ် နောင်ပီ-ဖယ်ခုံကားလမ်း မိုးဦး ကျေးရွာအဝင်မှာ အုန်းဖေ မောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်ကို ရှာဖွေရာ ဘိန်းစိမ်း ၇ ဒသမ ၈ ကီလို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေ အရ အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013