DVB Logo
Home
Lead Story
အုတ်ဖို ၊ မင်းလှ၊ မိုးညို ရေထပ်တက်ပါက အခြေအနေစိုးရိမ်ရ (ဓာတ်ပုံ)
DVB
·
August 5, 2015
အုတ်ဖို ၊ မင်းလှ၊ မိုးညို ရေထပ်တက်ပါက အခြေအနေစိုးရိမ်ရ (ဓာတ်ပုံ)
1 / 16
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖို၊ မင်းလှ၊ မိုးညို ဆုံရာဒေသက ကျေးရွာတွေမှာ လက်ရှိ မိုးမရွာ လေမတိုက်ပေမယ့် ရေကတော့ တိုးနေဆဲဖြစ်တာကြောင့် ရေနစ်မြုပ်နေပါတယ်။

အဲဒီဒေသမှာရှိတဲ့ ရွာတွေဟာ ရွာဆက်ပြတ်ပြီး အလှမ်းဝေးတဲ့အတွက် ရေထပ်တက်လာရင် အခြေအနေဆိုးနိုင်တယ်လို့ ဒေသခံ ကိုမောင်ဇော်က ပြောပါတယ်။

"တကယ်ဖြစ်လာရင် ကုန်းမြေကိုရောက်အောင် ၇ မိုင်လောက်သွားရမယ်။ လှေကရော ဘယ်လောက်ရှိနိုင်မလဲ။ ရေကူးတတ်ပါတယ် ဆိုပေမယ့် ဘယ်သူက ကူးနိုင်မှာလဲ။ အဲဒါကြောင့် အသက်ကယ် ဗောလို ပစ္စည်းတွေ လှူဒါန်းကြဖို့ ကူညီမယ့်သူတွေကို ပြောချင်ပါတယ်" လို့ သူက ပြောပါတယ်။

"မိုးညိုမြို့နယ်က ပတ်တော်တာ ကျိုးသွားပြီ။ လက်ရှိ မိုးညို၊ အုတ်ဖို၊ မင်းလှ မြို့တွေမှာ ရွာ ၁၀၀ လောက်ရေမြုပ်နေပြီ။ မိုးညိုမြို့နယ်ကတော့ ကုန်းလမ်း အဆက်အသွယ်ပြတ်သွားနိုင်တယ်" လို့ နေ့လယ် ၁၂ နာရီ အချိန်မှာ ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013