DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ညောင်ပင်ချောင်းရိုးတံတား ချဉ်းကပ်လမ်း ပျက်စီး
DVB
·
June 15, 2018
မင်းလှမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ညောင်ပင်ချောင်းရိုးတံတား ချဉ်းကပ်လမ်း ပျက်စီး
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းလို့ ဇွန်လ ၁၄ ရက် ညနေ ၅ နာရီလောက်က စစ္စနို့-ကန်တုတ် ကားလမ်း မိုင်တိုင်အမှတ် ၄/၁ နဲ့ ၄/၂ ကြားရှိ ညောင်ပင်ချောင်ရိုးတံတား ချောင်းရေတိုက်စားပြီး ချဉ်းကပ်လမ်း ပျက်စီးသွားပါတယ်။

မင်းလှမြို့ခံ ဦးကျော်သက်နောင်က “ရေနံမဘက်ကို ကားတွေ သွားလို့မရတော့ဘူး။ စစ္စနို့ဘက်ကချည်း ကတ္တရာလမ်း အလျား ပေ ၂၀ ပါသွားတယ်။ လယ်လှဘက်ခြမ်းက ပေ ၃၀ လောက် မြေပြိုသွားခဲ့တယ်။ ဒီတံတားက ရေနံမတိုက်နယ်နဲ့ မင်းလှ၊ မကွေးဘက်ကို ဆက်သွယ်ထားတဲ့တံတား ဖြစ်တယ်။ အခုတော့ ရေနံမဒေသကို သွားလာဖို့ အဆက်သွယ် ပြတ်တောက်သွားပြီ။ ပုသိမ်-မုံရွာလမ်းက သွားမယ်ဆိုလည်း မိုင်အများကြီးဝေးပြီးတော့ လေးပင်ချောင်းရေကလည်း ကြောက်ရသေးတယ်။ ဖြစ်နိုင်ရင်တော့ သက်ဆိုင်ရာက အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးစေချင်တယ်” လို့ ပြောပါတယ်။

လမ်းပျက်စီးတာနဲ့ပတ်သက်လို့ ခုမှသိရတာဖြစ်ပြီး လမ်းဦးစီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး အမြန်ဆုံး ဆောင်ရွက်သွားမှာဖြစ်တယ်၊ မိုးပြတ်မှပဲ လုပ်ငန်း ဆောင်ရွက်လို့ အဆင်ပြေမှာဖြစ်တယ်လို့ မင်းလှမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုံးခင်က ပြောပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းနေလို့ မကွေးတိုင်းထဲမှာ ကားလမ်းတွေ ရေကျော်ျပျက်စီးတာ၊ တံတားတွေ မျောပါသွားတာ၊ ကမ်းပါးပြိုတာ၊ လူနေအိမ်တွေ ရေနစ်မြုပ်တာနဲ့ သီးနှံစိုက်ခင်းတွေ ပျက်စီးနေလို့ ဒေသခံတွေ အခက်ခက်ခဲတွေနဲ့ ကြုံနေပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013