DVB Logo
Home
မြန်မာသတင်း
မင်းလှတွင် ၃ နှစ်အရွယ် တူမအား အဓမ္မပြုကျင့်မှုဖြင့် ဦးလေးဖြစ်သူကို အမှုဖွင့်
DVB
·
May 18, 2019
မင်းလှတွင် ၃ နှစ်အရွယ် တူမအား အဓမ္မပြုကျင့်မှုဖြင့် ဦးလေးဖြစ်သူကို အမှုဖွင့်
Donate to DVB

မကွေးတိုင်း၊ မင်းလှမြို့ရှိ ရပ်ကွက်တခုမှာ မေလ ၁၇ ရက် နေ့လယ်ပိုင်းက အသက် ၃ နှစ်အရွယ် တူမအား ဦးလေးက အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူက ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူနဲ့ ဦးလေးတော်စပ်သူ မင်းဘူးမြို့ ရေငံကျေးရွာအုပ်စု ပက်ပယ်ကျေးရွာနေ တင်ထွေး ၃၅ နှစ်က အသက် ၃ နှစ်အရွယ် မိန်းကလေးကို အိမ်သာထဲခေါ်ပြီး သားမယားအဖြစ် အတင်းအဓမ္မ ပြုကျင့်ကြောင်း သမီးဖြစ်သူက ပြောပြသဖြင့် မိခင်ဖြစ်သူက ရဲစခန်းကို လာရောက်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

မင်းလှမြို့မရဲစခန်းက အရွယ်မရောက်သေးတဲ့ ၃ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်မှု သံသယနဲ့ တင်ထွေးကို မုဒိမ်းမှု ရာဇသတ်ကြီးပုဒ်မ-၃၇၆ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ကိုလင်း(​ချောက်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013