DVB Logo
Home
မြန်မာသတင်း
နေပြည်တော် အချုပ်ထောင်သစ် ဆောက်မည့်နေရာက ဖယ်ရှားမပေးလျှင် အရေးယူမည်
DVB
·
July 20, 2015
နေပြည်တော် အချုပ်ထောင်သစ် ဆောက်မည့်နေရာက ဖယ်ရှားမပေးလျှင် အရေးယူမည်
Donate to DVB

နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်အနီး အချုပ်ထောင်သစ်ဆောက်လုပ်မယ့် နေရာက  ဒေသခံ တောင်သူတွေက လျော်ကြေးမရရင် ဖယ်မပေးနိုင်ဘူးလို့ ပြောပါတယ်။

အကျဉ်းဦးစီးဌာနက အချုပ်ထောင်သစ်ဆောက်လုပ်မယ့် မြေဧက ၂၀၀ ပေါ်မှာ ကျူးကျော်နေထိုင်သူတွေကို ဇူလိုင် ၁၉ ရက်နေ့ နောက်ဆုံးထား ဖယ်ပေးဖို့နဲ့ မဖယ်ပေးရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အကြောင်းကြားစာ ပို့ထားတာပါ။

ဒါပေမယ့် ဒေသခံတွေ အနေနဲ့လည်း တခြားမှာ နေစရာ၊ လုပ်ကိုင်စားသောက်စရာ မရှိတဲ့အတွက် လျော်ကြေးမရရင်တော့ ဖယ်မပေးနိုင်ဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

“ကျနော်တို့က ရွှေ့မပေးနိုင်ဘူး၊ ဘာမှလည်း သူတို့ဆီက လျော်ကြေးလည်း မရဘူး။ ရွှေ့စရာနေရာလည်း မရှိဘူး။ နောက်ပြီးတော့ ကျနော်တို့မှာ လုပ်ကိုင်စားသောက်စရာ မြေကွက်ဆိုလို့ ဒီနေရာကလွဲပြီး ဘယ်နေရာမှ မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ အနေနဲ့က ရွှေ့လည်း မရွှေ့နိုင်ဘူး။ သူတို့ ဘာဆက်လုပ်မလဲဆိုတာလည်း မသိသေးဘူးပေါ့ဗျာ။” လို့ ဒေသခံ တောင်သူတဦးဖြစ်တဲ့ ဦးချိုက ပြောပါတယ်။

ဒီစီမံကိန်းဧရိယာအတွင်းက ဖယ်ရှားပေးရမယ့်အထဲမှာ ဘုန်းကြီးကျောင်း ၅ ကျောင်းလည်း ပါဝင်ပါတယ်။ ဆရာတော်တွေအနေနဲ့လည်း အရင် သစ်တောကျူးကျော်နဲ့ တရားစွဲ ထောင်ချခံခဲ့ရပါသေးတယ်။ ဘုန်းကြီးကျောင်းမြေနေရာ အစားပေးမယ်ဆိုရင်တော့ ဖယ်ပေးမယ်လို့ ဆရာတော်တပါးက ပြောပါတယ်။

“တခြားနေရာမှာ ချပေးမယ်၊ တရားဝင်ချပေးမယ်၊ သူတို့ လုပ်ပေးမယ်ဆိုရင် ဦးဇင်းတို့က အမြဲတမ်း ၀ဲလ်ကမ်းပဲ။ အမြဲတမ်း ကြိုဆိုတယ်။ ဒီလိုဟာနဲ့ဆို ဦးဇင်းတို့လည်း မသက်ဆိုင်ပါဘူး။ အမှန်တကယ် လိုက်ရမယ်ဆို ဦးဇင်းတို့ သာသနာရေးက လိုက်ရမယ်။ သိမ်းထားတဲ့နေရာက လိုက်ရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီနေရာအတွက် ဦးဇင်းတို့ ထောင် ၆ လလည်း အချခံပြီးပြီ။”

ဇူလိုင် ၁၉ ရက် နောက်ဆုံးထား ဖယ်ပေးဖို့ အကြောင်းကြားထားပေမယ့် အကျဉ်းဦးစီးဌာနဘက်ကတော့ ဇူလိုင် ၂၀ ရက်နေ့ထိ လာရောက်ဖယ်ရှားခြင်း မရှိသေးပါဘူး။

ဒီအချုပ်ထောင်သစ်ဆောက်လုပ်မယ့် မြေနေရာဟာ အရင်က ပလွေးသစ်တောကြိုးဝိုင်း အတွင်းကဖြစ်ပြီး နေပြည်တော် စည်ပင်သာယာရေးကော်မတီက အကျဉ်းဦးစီးဌာနပိုင်မြေအဖြစ် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013