DVB Logo
Home
မြန်မာသတင်း
သဲကုန်းမြို့နယ်တွင်း ရေကြီးမှုကြောင့် သီးနှံများ ပျက်စီး
DVB
·
July 17, 2015
သဲကုန်းမြို့နယ်တွင်း ရေကြီးမှုကြောင့် သီးနှံများ ပျက်စီး
1 / 6
Donate to DVB

ပဲခူးတိုင်း သဲကုန်းမြို့နယ်ထဲက ကျေးရွာတွေမှာ တတိယအကြိမ် ရေကြီး ရေလျှံဖြစ်ပေါ်မှုကြောင့် လယ်မြေတွေမှာ စိုက်ပျိုးပြီးသီးနှံတွေ ပျက်စီးဆုံးရှုံးမှုနဲ့ ကြုံတွေ့နေကြပါတယ်။

ဇူလိုင် ၁၄ ရက် ညနေ ၄ နာရီကျော်ကစပြီး တနေကုန် မိုးရွာသွန်းတာကြောင့် သဲကုန်းမြို့နယ်ထဲက ကျေးရွာ ၁၂ ရွာလောက်က အိမ်တွေထဲ ရေ၀င်ပြီး စိုက်ပျိုး လယ်ဧက ၁၃၀၀ ကျော်နဲ့ ရန်ကုန်-ပြည် မီးရထားလမ်းပါ ရေနစ်မြုပ်ခဲ့သလို ရွာသစ်ကုန်း အမက ကျောင်းတကျောင်းပါ ကျောင်းထဲရေ၀င်တာကြောင့် ပိတ်ပေးခဲ့ရပါတယ်။

အုပ်တွင်းကုန်းကျေးရွာနေ ဦးကြင်မောင်က “တတိယအကြိမ် ရေနစ်မြုပ်တာဖြစ်တယ်။ အခုက ရထားလမ်းတွေကျိုး၊ ကားလမ်းတွေပဲ့ပြီး အိမ်တွေထဲလည်း ရေတွေဝင်ကုန်ပြီ။ အခုလိုနစ်ရတာက ဘောင်တွေက မြင့်နေလို့ ရေထွက်ပေါက်မရှိလို့ ဖြစ်ရတာ။ ပျိုးခင်းတွေလည်း ရေနစ်ပြီး တတိယအကြိမ်ဆုံးရှုံးတာ” လို့ ပြောပါတယ်။

အခုလို ရေနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတာ ၂ နှစ်ရှိပြီဖြစ်ပြီး ငါးကန်ပိုင်ရှင်တွေက ရေလမ်းကြောင်းတွေ ပိတ်ထားတာကြောင့် ရေထွက်ပေါက်မရှိဘဲ နှစ်စဉ်ရေကြီးနေတာလို့ အုပ်တွင်းကုန်းကျေးရွာနေ ကိုသန်းလှိုင်က ပြောပါတယ်။

တောင်န၀င်းဆည် ရှေ့ပြေးစီမံကိန်းအဖြစ် အင်းမတံတားအနီးမှာ ရေလှောင်တမံပြုလုပ်ပြီး နွေစပါးစိုက်ပျိုးရေး စီမံကိန်း ပြုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ၂၀၀၀ ပြည့်နှစ်ဝန်းကျင်မှာ လုပ်ငန်းရှင်တွေ ၀င်ရောက်ပြီး ငါးမွေးမြူရေး ကန်ကြီးတွေ လုပ်နေကြတာလို့ ဆိုပါတယ်။

ညောင်ကုန်းကျေးရွာအုပ်စုက လယ်မြေဧက ၄၀၀ ကျော်၊ မင်းလှကျေးရွာ အုပ်စုက ဧက ၂၀၀ ကျော်နဲ့ စောက်ခြုံကြီး ကျေးရွာအုပ်စုက လယ်မြေဧက ၇၀၀ ကျော်တို့ ရေနစ်မြုပ်ခဲ့မှုကြောင့် စိုက်ပျိုးပြီးသား စပါးတွေနဲ့ ပျိုးပင်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို ရေနစ်မြုပ်ပြီး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နေတဲ့အပေါ် သဲကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးက “ရေတွင်းတွေ ရေ၀င်တာတွေကို ဆေးခပ်ပေးမယ်၊ ရေဆိုးတွေကိုလည်း ပြန်စုပ်ထုတ်ပေးမယ်၊ လမ်းတွေ ပျက်စီးသွားတာတွေလည်း ပြန်လုပ်ပေးမယ်” လို့ ပြောပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013