
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အိန္ဒိယမြို့တော် နယူးဒေလီဆီ ခုအပတ်မှာသွားမဲ့ အလွန်မျှော်လင့် ထားတဲ့ ခရီးစဉ်ဟာ ၇ နှစ်အတွင်း အိန္ဒိယကို ပထမဆုံးအကြိမ် သွားတဲ့ ခရီးစဉ်ပါ။
အိမ်နီးချင်းနိုင်ငံကြီး နှစ်ခုကြား သံတမန်ဆက်ဆံရေး ပြေလည်မှုကို ပိုအားကောင်းစေမှာ ဖြစ်ပေမဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးတက်လာမဲ့ လက္ခဏာ နည်းနည်းသာ ရှိနေပါတယ်။
နှစ်နိုင်ငံစလုံးက စီးပွားရေးလုပ်ငန်းတွေဟာ စည်းမျဉ်းတွေကြောင့် ရပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဗီဇာနှောင့်နှေးမှုတွေ၊ စက်မှုလုပ်ငန်းသုံး ပစ္စည်းကိရိယာတွေအပေါ် ကန့်သတ်ချက်တွေ အပါအဝင် အခက်အခဲတွေနဲ့ ဆက်ရင်ဆိုင်နေရဆဲပါ။
သံတမန်ရေးတိုးတက်မှုနဲ့ စီးပွားရေး ဆက်ဆံရေးကြား ကွာဟချက်ကို ပေါ်လွင်စေတယ်လို့ လေ့လာ သုံးသပ်သူတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ရှီဟာ နှစ်ပတ်လည် BRICS ထိပ်သီးအစည်းအဝေးအတွက် အခုသီတင်းပတ်ကုန်မှာ ဒေလီ မြို့တော်ဆီ ရောက်ဖို့ မျှော်လင့်ထားပေမဲ့ တရုတ်ပြည်မကြီးအစိုးရက ခရီးစဉ်ကို အတည်မပြုရ သေးဘဲ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီနဲ့ တွေ့၊ မတွေ့ ကိုလည်း မပြောနိုင်သေးပါဘူး။
နှစ်နိုင်ငံဆက်ဆံရေးရဲ့ အနာဂတ် ဦးတည်ချက်ကို ချမှတ်ဖို့ ဒီခရီးစဉ်က အရေးကြီးမှာပါ။ တရုတ်နဲ့ အိန္ဒိယတို့ဟာ ၁၉၆၂ ခုနှစ်မှာ အချိန်တိုတဲ့ စစ်ပွဲတရပ် ဖြစ်ဖူးပြီး ၂၀၂၀ နယ်စပ်တိုက်ပွဲတခုကြောင့် အိန္ဒိယစစ်သား အယောက် ၂၀ နဲ့ တရုတ်စစ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
ဒီနောက် အဲဒီအချိန်ကစပြီး သတိထားနေရတဲ့ ယိုယွင်းပျက်စီးသွားတဲ့ ဆက်ဆံရေးအတွက် နောက်ခံ အခြေအနေတခု ဖန်တီးပေးခဲ့ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဆက်ဆံရေးတွေ တိုးတက် ကောင်းမွန်လာခဲ့ပြီး အထူးသဖြင့် မိုဒီဟာ ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်ပြီးတဲ့နောက်ပိုင်း နှစ်နိုင်ငံစလုံးဟာ အမေရိကန် နဲ့ မတည်ငြိမ်တဲ့ ဆက်ဆံရေးအတွက် ရုန်းကန်နေရပါတယ်။
Source: Reuters











