
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ ရလဒ် ၈ ခုနဲ့ ပတ်သက်ပြီး သဘောတူညီချက်ရခဲ့တယ်လို့ စက်တင်ဘာ ၂၅ ရက်က ရှီရဲ့ အမေရိကန်ခရီးစဉ် ပြီးဆုံးပြီးတဲ့နောက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရှီဟာ ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ အမေရိကန်နိုင်ငံဆီ နိုင်ငံတော်အဆင့် ခရီးစဉ်နဲ့သွားခဲ့ပြီး ခရီးစဉ်အတွင်း ထရမ့်ပ်နဲ့အတူ နှစ်နိုင်ငံ ဆက်ဆံရေးအပြင် အဓိကကျတဲ့ နိုင်ငံတကာနဲ့ ဒေသတွင်းကိစ္စရပ်တွေအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက်စလုံးဟာ အပြန်အလှန်လေးစားမှု၊ တရားမျှတမှုနဲ့ အပြန်အလှန် အကျိုးပြုမှုတို့အပေါ် အခြေခံပြီး မဟာဗျူဟာမြောက် တည်ငြိမ်မှုရှိတဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး ပုံစံကောင်းတခုကို တည်ဆောက်ဖို့ သဘောတူခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
ဒါ့ပြင် ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ တရုတ်နိုင်ငံက APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးကို လက်ခံကျင်းပမှာဖြစ်ပြီး၊ ဒီဇင်ဘာလမှာတော့ အမေရိကန်နိုင်ငံက G20 ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို လက်ခံ ကျင်းပမှာပါ။
ထရမ့်ပ်နဲ့ ရှီတို့က အစည်းအဝေးတွေတက်ဖို့ ဆန္ဒရှိတယ်လို့ပြောရင်း အပြန်အလှန် ပံ့ပိုးကူညီဖို့ သဘောတူခဲ့ကြပါတယ်။
Source: Reuters










