
တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အမေရိကန် ၃ ရက်ခရီးစဉ်မှာ သူ့ကို ဆန့်ကျင်သူတွေက အိမ်ဖြူတော်အပြင်မှာ စက်တင်ဘာ ၂၄ ရက်က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ သံပြိုင်ကြွေးကြော်မှုတွေ၊ စာတန်းတွေ ကိုင်ဆောင်ခဲ့ကြသလို ရှီရဲ့ပုံကို ကတ်ကြေးနဲ့ထိုးပြီး ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အိမ်ဖြူတော်မှာ ထရမ့်ပ်နဲ့ တွေ့ဆုံချိန် ရှီကို ထောင်နဲ့ချီတဲ့ တိဘက်အရေး လှုပ်ရှားသူတွေကလည်း ဝါရှင်တန်မြို့မှာ ချီတက် ဆန္ဒပြခဲ့ကြပါသေးတယ်။
ဆန္ဒပြသူတွေဟာ တရုတ်သံရုံးရှေ့မှာ စီတန်းလှည့်လည်ခဲ့ကြပြီး ဝါရှင်တန်မြို့ပေါ်က လမ်းတွေပေါ်မှာ ဆန္ဒပြခဲ့ကြတာပါ။
တိဘက်အလံတွေ၊ အမေရိကန်အလံတွေ ကိုင်ဆောင်ခဲ့ကြသလို တိဘက်ကနေ တရုတ်တွေ ထွက်ခွာဖို့ တောင်းဆိုတဲ့ စာတန်းကြီးတွေလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
ရှီဟာ စက်တင်ဘာ ၂၃ ရက်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံဖို့ ဝါရှင်တန်ကို ရောက်ရှိခဲ့တာပါ။
ဒါဟာ ရှီအတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပထမဆုံး အမေရိကန်ခရီးစဉ်ဖြစ်ကာ ထရမ့်ပ်နဲ့ ၃ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပါတယ်။
၂ နိုင်ငံ ခေါင်းဆောင်တွေဟာ AI၊ ကုန်သွယ်ရေးနဲ့ ထိုင်ဝမ်အရေးတို့ ဆွေးနွေးမယ်လို့ ခန့်မှန်းရတဲ့အကြောင်း ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters










