DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်ကြောင့် အမွေအနှစ် ထိခိုက်ဆုံးရှုံးရမှုများအပေါ်  NUG ထုတ်ပြန်
DVB
·
March 29, 2025
ငလျင်ဒဏ်ကြောင့် အမွေအနှစ် ထိခိုက်ဆုံးရှုံးရမှုများအပေါ်  NUG ထုတ်ပြန်
Donate to DVB

အင်အားပြင်း ငလျင်ကြောင့် ပျက်စီးဆုံးရှုံးရတဲ့ အမွေအနှစ်ထိခိုက်မှု ၄၀ ကျော်ကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ဒီကနေ့ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

မတ် ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်မှာ စစ်ကိုင်းမြို့ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာမှာ အင်အား ၇ ဒသမ ၇ ပမာဏရှိတဲ့ အလွန်အင်အားပြင်းတဲ့ ပထမကြိမ် ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ် ခန့်အကြာ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ တံတားဦးလေဆိပ်အနီးကို ဗဟိုပြုပြီး င်အား ၆ ဒသမ ၄ နဲ့ အတော်အသင့် အင်အားပြင်းတဲ့ ငလျင် နောက်ထပ်တကြိမ် ထပ်မံ လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် အခုချိန်ထိ မန္တလေး၊ အင်းဝ၊ အမရပူရ၊ ပုသိမ်ကြီး၊ ကျောက်ဆည်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်က သက်တမ်းရှည်ကြာပြီး အထင်ကရရှိတဲ့ ရှေးဟောင်း အမွေအနှစ် အဆောက်အအုံတွေ၊ ရှေးဟောင်းဗုဒ္ဓဘာသာ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းတွေ၊ သာသနိက အဆောက်အအုံတွေ၊ သဘာဝအမွေအနှစ်တွေနဲ့ မန္တလေးတိုင်း၊ ပဲခူးတိုင်းနဲ့ နေပြည်တော်က သက်တမ်းရာချီရှိနေတဲ့ ဗလီတွေ အပါအဝင် ဘာသာရေးကျောင်းအားလုံး စုစုပေါင်း ၄၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ NUG  အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

“မိမိတို့ အမွေအနှစ်ဆိုင်ရာ ကြားကာလ စီမံအုပ်ချုပ်မှုဗဟိုအဖွဲ့အနေဖြင့် ပျက်စီးသွားသော အမွေအနှစ်များ အားလုံးအတွက် များစွာ နှမြောဝမ်းနည်းပါကြောင်း၊ အစ္စလန်ဘာသာဝင်တို့၏ ဆုံးရှုံးမှုများနှင့် နိုင်ငံသားတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ပျက်စီးခြင်းအပေါ် လွန်စွာ စာနာ ကြေကွဲပါကြောင်း၊ ပျက်စီးသွားသော အမွေအနှစ်များ နိုင်ငံတကာထုံးတမ်းများနှင့်အညီ ပြည်လည်ထူထောင်ရေးအတွက် ရရှိနိုင်သမျှသောနည်းလမ်းများနှင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” ထုတ်ပြချက်မှာဖော်ပြပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ QR တွေကတဆင့် ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံမှာ  လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ ၁,၀၀၂  ယောက်နဲ့ ဒဏ်ရာရသူပေါင်း ၂,၃၇၆ ယောက် ရှိလာပြီလို့ စစ်ကောင်စီရဲ့ မတ် ၂၉ ရက် မွန်းလွဲပိုင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013