DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ် မယ်စဲ့မြို့ ၌ တိုက်ပွဲပြင်းထန်နေ
DVB
·
June 20, 2023
ကရင်နီပြည်နယ် မယ်စဲ့မြို့ ၌ တိုက်ပွဲပြင်းထန်နေ
1 / 4
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ မယ်စဲ့မြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ လူမျိုးပေါင်းစုံ တော်လှန်ရေးတပ်ဦး (ကလလတ) တို့ကြား ဇွန် ၁၄ ရက်ကစပြီး ဒီနေ့ ဇွန် ၂၀ ရက်ထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က မယ်စဲ့မြို့ရဲ့ စခန်း ၂ ခုမှာသာ တပ်စွဲထားနိုင်တယ်လို့ ရဲဘော်တယောက်က ပြောပါတယ်။

“ဇွန် ၁၄ ရက်ကစပြီး KNPLF ဌာနချုပ် အခြေစိုက်ရာ ဟိုစဲမြို့မှ စစ်ကောင်စီရဲ့ မယ်စဲမြို့မရဲစခန်း၊ ဗျူဟာကုန်းနဲ့ ထိုင်း-မြန်မာနယ်ခြားအမှတ် BP 14 တပ်ကုန်း၊ BP 15 မယ်တနွယ်စခန်း၊ BP 16 တောင်လှစခန်းကို သိမ်းယူနိုင်ပြီး စစ်ကောင်စီတပ်က ၁၀၀၄ နဲ့ BP 13 စခန်းကုန်း ၂ ခုမှာသာ တပ်စွဲနိုင်တော့တယ်။ ဒါတွေကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့ဘက်က တင့်ကားတွေ၊ လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ အင်အားတိုးပြီး ပြင်ဆင်နေတာလည်း ရှိတယ်။”

စစ်ကောင်စီတပ်ရဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို ထိုးစစ်ဆင်ဖို့ ပြင်နေတဲ့တပ်တွေ၊ ဖရူဆို-ဘောလခဲနဲ့ ဖားဆောင်းအခြေစိုက်တပ်တွေကိုလည်း ဖားဆောင်းမှာ အင်အားစုဖွဲ့ပြီး မယ်စဲ့မြို့ကို ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ကလလတ (KNPLF) နဲ့အတူ 4k တပ်ပေါင်းစုအဖြစ် မဟာမိတ်စုဖွဲ့ထားတဲ့ KNU/KNLA, KNPP/KA, KNDF တပ်ဖွဲ့တို့က မယ်စဲ့မြို့မှာ စစ်ကောင်စီတပ်ကို ပူးပေါင်းတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က အထိနာနေတဲ့အတွက် လေကြောင်းကနေ ပစ်ခတ်မှုတွေကို ၅ ကြိမ်ထက် မနည်း ပြုလုပ်နေပြီး ကလလတရဲ့ ဟိုစဲမြို့သစ်မှ ဌာနချုပ် ဖားဆောင်းရဲ့ သံလွင်မြစ်တဖက်ကမ်း ကလလတရဲ့ ဂိတ်နဲ့ စခန်းတွေကို လေယာဉ် လက်နက်ကြီးနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့ကာ အင်အားဖြည့်တင်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲက ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်အထိအခိုက် ကျဆုံးမှု အ​ခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က မယ်စဲ့တမြို့လုံးနီးပါး လက်လွှတ်ရမှု၊ BGF တပ်ရင်းနှစ်ခုတို့က ပြန်လည် တွန်းလှန်တိုက်ခိုက်မှုတွေကြောင့် တပ်မအသစ်တွေ၊ အတွဲလိုက်ဒုံးတွေ၊ ‌ဟောင်ဝစ်ဇာ အမြောက်တွေ၊ ရဟတ်ယာဥ်တွေ၊ လေယာဥ်တွေနဲ့ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013