Thursday, June 8, 2023
HomeLead Storyကျိုက်လတ် NLD ပါတီဝင် ၅ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ကျိုက်လတ် NLD ပါတီဝင် ၅ ဦး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့မှာ စစ်အာဏာသိမ်းတာကို ဆန္ဒပြခဲ့လို့ ဖမ်းဆီးခံခဲ့ရတဲ့ NLD ပါတီဝင် ၅ ယောက်ကို စစ်ကောင်စီလက်အောက်ခံ တရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ် လိုက်တယ်လို့  မိသားစုဝင်တွေနဲ့ နီးစပ်သူ တချို့ က ပြောပါတယ်။

တနှစ်ခွဲကျော်ကြာ ဖမ်းဆီးခံထားရသူ ၅ ယောက်ကို ဒီဇင်ဘာ ၂၁ ရက်က ဖျာပုံခရိုင်တရားရုံးက နှစ်  ၂၀ ကနေ နှစ် ၄၀ အထိ ထောင်ဒဏ်တွေ ချမှတ်လိုက်တာပါ။

မိသားစုဝင်နဲ့ နီးစပ်သူ တဦးက “သူတို့ ငါးဦးကို ဖျာပုံခရိုင်တရားရုံးက အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၀(ဈ)  ၅၂(က)တွေနဲ့ တရားစွဲအမှုဖွင့်ထားတာ။ ဆန္ဒပြတာ တရားမဝင် အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေပါ ထည့်စွဲတာ တယောက်နဲ့ တယောက် ပြစ်ဒဏ်တွေ မတူဘူး။ အားလုံးက နှစ်ရှည် ပြစ်ဒဏ်တွေပဲ” လို့ ဆိုပါတယ်။

ဖျာပုံခရိုင်တရားရုံးက ကိုပြည့်ဖြိုးအောင်နဲ့ ကိုချမ်းမြေ့သူတို့ကို ထောင်ဒဏ် အနှစ် ၂၀၊  ကိုဟိန်း ကို ထောင်ဒဏ် နှစ် ၃၀၊ ကိုမျိုးကို ထောင်ဒဏ် ၃၅ နှစ်နဲ့ ကိုထွဋ်နောင်ဦးကို ထောင်ဒဏ် နှစ် ၄၀  ချမှတ်ခဲ့တာပါ။

သူတို့ ၅ ယောက်ဟာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၂၁ ခုနှစ် မေလမှာ ဖမ်းဆီးခံခဲ့ရတာပါ။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular