DVB Logo
Home
မြန်မာသတင်း
၂ လကျော်အတွင်း ပဲမျိုးစုံတန်ချိန် ၃ သိန်း ၉ သောင်းကျော် တင်ပို့ထား
DVB
·
June 23, 2022
၂ လကျော်အတွင်း ပဲမျိုးစုံတန်ချိန် ၃ သိန်း ၉ သောင်းကျော် တင်ပို့ထား
Donate to DVB

အခုဘဏ္ဍာနှစ် ၂ လကျော် ကာလအတွင်း ပြည်ပကို ပဲမျိုးစုံစုစုပေါင်း တန်ချိန် ၃ သိန်း ၉ သောင်း ကျော် တင်ပို့ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ ကုန်သွယ်မှု စာရင်းတွေအရ   သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်း ပြည်ပ ပဲမျိုးစုံတင်ပို့မှုမှာ ပင်လယ်ရေကြောင်းကနေ တင်ပို့မှုက တန်ချိန် ၃ သိန်းကျော်ထိရှိပြီး စုစုပေါင်း တင်ပို့မူရဲ့ ၈၀ ရာခိုင်နှုန်း ဝန်းကျင်ထိရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့တဲ့ ပမာဏကတော့ တန်ချိန် ၈ သောင်းကျော်သာရှိပြီး ရာခိုင်နှုန်းအနေနဲ့  ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။

အဲဒီ ၂ လကျော်အတွင်း ပဲမျိုးစုံတင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉၆ သန်းကျော် ရရှိထားတယ်လို့ အဲဒီဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၁ သိန်း ၉ သောင်းကျော်အထိ ရှိပါတယ်။ မတ်ပဲတင်ပို့မှုက တန်ချိန် ၇ သောင်းကျော်နဲ့ ပဲစဉ်းငုံတင်ပို့မှုကတော့ တန်ချိန် ၆ ထောင်ကျော် ရှိတယ်လို့ စီးပွား/ကူးသန်းရဲ့ စာရင်း အချက်အလက်တွေအရ သိရပါတယ်။

အခြားပို့ကုန်ပဲတွေဖြစ်တဲ့  မြေထောက်ပဲ တင်ပို့မှုက တန်ချိန် ၃ သောင်း ၃ ထောင် ကျော်၊ ပဲယင်း က တန်ချိန် ၂ သောင်းဝန်းကျင်၊ ထောပတ်ပဲက တန်ချိန် ၁ သောင်းခွဲကျော်၊ ကုလားပဲက တန်ချိန် ၁ သောင်း ၃ ထောင်ကျော်နဲ့ ပဲလွန်းဖြူ တန်ချိန် ၁ သောင်း ၃ ထောင်ကျော် အသီးသီးတင်ပို့မှု ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိကစိုက်ပျိုးသီးနှံတွေထဲမှာ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်မှုက ဒုတိယအများဆုံးဖြစ်ပါတယ်။ ပြည်တွင်း စိုက်ပျိုးမြေဧရိယာ ၂၀ ရာခိုင်နှုန်းမှာ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်နေတာ ဖြစ်ပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံတို့ကို အဓိက အများဆုံးစိုက်ပျိုးပါတယ်။

ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနဲ့ အခြားပဲမျိုးစုံကိုလည်း စိုက်ပျိုးထုတ်လုပ်နေပေမဲ့ အဆိုပါ ပဲသုံးမျိုး  စိုက်ပျိုးမှုက  ၇၂ ရာခိုင်နှုန်းထိ ရှိပါတယ်။

အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က မြန်မာနိုင်ငံကနေ ပဲမျိုးစုံဝယ်ယူတင်သွင်းမှု အများဆုံးဖြစ်ပြီး အိန္ဒိယအစိုးရက အခုနှစ်မှာ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းအပါအဝင် သူ့နိုင်ငံထွက်မိုးသီးနှံတွေရဲ့ အနိမ့်ဆုံးနှုန်းထားကို တိုးပေးကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒီအတွက် ပြည်တွင်းမတ်ပဲဈေးတွေ မြင့်တက်နေပြီး လက်ရှိမှာ မတ်ပဲတတန်ကို ကျပ် ၁၆သိန်း ကျော်အထိ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013