DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်တွင် ခရစ်ယာန်ကျောင်းကို စစ်တပ်ကဝင်စီး၊ ဆရာတော်နှင့် ဆရာဝန် သူနာပြုအပါအဝင် လူ ၂၀ ခန့်ကို ဖမ်းဆီး
DVB
·
November 22, 2021
လွိုင်ကော်တွင် ခရစ်ယာန်ကျောင်းကို စစ်တပ်ကဝင်စီး၊ ဆရာတော်နှင့် ဆရာဝန် သူနာပြုအပါအဝင် လူ ၂၀ ခန့်ကို ဖမ်းဆီး
Donate to DVB

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်ရှိ ခရစ်တော်ဘုရင် ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာဆေးပေးခန်းကို စစ်ကောင်စီတပ်တွေက  အင်အားအများအပြားနဲ့ နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မနက်က ဝင်ရောက်စီးနင်းပြီး  ကျောင်းထိုင်ဘုန်းတော်ကြီးအပါအဝင်၊ ဆရာဝန်တွေ၊ စေတနာ့ဝန်ထမ်း သူနာပြု အားလုံး ၂၀ နီးပါးကို ဖမ်းဆီးသွားပါတယ်။

ခရစ်တော်ဘုရင်ဗဟိုဘုရားကျောင်းနဲ့ ဂရုဏာ ဆေးခန်းကို ဒီမနက် ၁၀ နာရီလောက်မှာ  စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၂၀၀ ဝန်းကျင်လောက်က  အင်အားအလုံးအရင်းနဲ့  ဝင်ရောက်စီးနင်းခဲ့တာ ဒေသခံတွေက ပြောပါတယ်။

“ဂရုဏာဆေးခန်းကို ဝင်စစ်တာ။  ဆရာဝန် သူနာပြု ၁၇ ယောက်ကိုဖမ်းသွားတယ်ကြားတယ်ဗျ”

ဘုရားကျောင်းနဲ့ ဆေးခန်းကို ဝင်ရောက်စီးရာမှာ  ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာ ဘရွှေအပါအဝင် စစ္စတာတွေ၊ ဂရုဏာဆေးခန်းမှာ အခမဲ့ဆေးကုသပေးနေတဲ့ ဆရာဝန်တွေနဲ့သူနာပြုတွေ  ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဂရုဏာဆေးခန်းဟာ လွိုင်ကော်မြို့ပေါ်အဝင် အနီးနားပတ်ဝန်းကျင်က  ဒေသခံ ပြည်သူတွေ အားကိုးအားထားရတဲ့ဆေးခန်းဖြစ်ပြီး လူနာတွေကို အခမဲ့နီးပါ ကုသပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။

အထူးသဖြင့်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေက ဖျားနာလာရင် ဂရုဏာဆေးခန်းကိုသာ အဓိကအားထားကြရပါတယ်။ ဒါ့အပြင် အာဏာသိမ်းပြီးနောက် CDM လုပ်တဲ့ ဆရာဝန်နဲ့သူနာပြုတွေက အဆိုပါဆေးခန်းမှာ သွားရောက်လုပ်အားပေး ကုသပေးနေတဲ့ဆေးခန်းလည်း ဖြစ်ပါတယ်။

ဒီလို ဆရာဝန်၊ သူနာပြုတွေ ဖမ်းဆီးသွားတဲ့အတွက် ဆေးခန်းအတွင်းဆေးကုမှုခံယူနေရတဲ့ လူနာတွေကို ရွှေလွိုင်ကော်ပရဟိတအသင်းကနေ လွိုင်ကော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။

လူနာများပြီး  လွိုင်ကော်ပြည်သူ့ဆေးရုံကလည်း နေရာမလုံလောက်တဲ့အတွက် သက်သာတဲ့ လူနာတွေကိုအိမ်ပြန်လွှတ်ရတဲ့နေအထားရှိတယ်လို့ ရွှေလွိုင်ကော်ပရဟိတ အဖွဲ့ဆီက သိရပါတယ်။

“လွိုင်ကော်ဆေးရုံပဲပို့လို့ ခုတင်မရှိတော့လို့ နည်းနည်းသက်သာတဲ့လူနာ တွေ အကုန်ပြန်ဆင်းရတယ်ဗျာ။”

ဂရုဏာဆေးခန်းဟာ  ခရစ်တော်ဘုရင် ဘုရားကျောင်းဝင်းထဲမှာဖြစ်ပြီး အထူးဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသခံတွေကို အခမဲ့နီးပါး  ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းဖြစ်ပါတယ်။

ဒီဗွီဘီက ဆက်သွယ်မေးမြန်းတဲ့ နေ့လယ် ၂ နာရီဝန်းကျင်အချိန်ထိ ဘုရားကျောင်းကို စစ်တပ်က ဝိုင်းထားဆဲဖြစ်ပြီး အဝင်အထွက်တွေကိုလည်း ကန့်သတ်ထားတယ်လို့ ကရင်နီပြည်သူ့အင်အားစု PKPFတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

PDFတွေနဲ့ဆက်နွှယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အခုလို စီးနင်းတာလို့ သိရပြီး ဖမ်းဆီးသွားတဲ့အရေအတွက်ကိုတော့ အတိအကျ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလို ဘာသာရေးခေါင်းဆောင်တွေနဲ့ ပညာရှင်တွေကို ဖမ်းဆီးတာ မဖြစ်သင့်တဲ့ကိစ္စဖြစ်သလို လူနာတွေအတွက်လည်း နစ်နာတယ်လို့ PKPFတာဝန်ရှိသူက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013