DVB Logo
Home
မြန်မာသတင်း
အသုတ်မြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ရှေ့နေ အပါအဝင် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး
DVB
·
June 3, 2021
အသုတ်မြို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ရှေ့နေ အပါအဝင် ၄ ဦးကို စစ်ကောင်စီဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အသုတ်မြို့မှာ ဗုံးကွဲမှုနဲ့ ပတ်သက်ပြီး  တရားလွှတ်တော်ရှေ့နေတစ်ဦးအပါအဝင်  မြို့ခံ  ၄ ဦးကို ဇွန်လ ၂ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခဲ့သူတွေဟာ အသုတ်မြို့ အမှတ် ၃ ရပ်ကွက်က တရားလွှတ်တော်ရှေ့နေ ဦးစိန်မြသန်း အပါအဝင် အမျိုးသား ၃ ဦးနဲ့ အမျိုးသီး ၁ ဦးဖြစ်ပြီး ဘာကြောင့်ဖမ်းဆီးသွားတယ်ဆိုတာ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

"ဗုံးပေါက်ပြီးနောက်တရက်မှာပဲ ရှေ့နေကြီး ဦးစိန်မြသန်းတို့ကို ဝင်ဖမ်းတာ။ ဖမ်းတဲ့လူတွေကလည်း ယူနီဖောင်းတွေ ဝတ်မထားဘူး။ အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ပြီး အိမ်ကိုဝင်ဖမ်းတာ"လို့ အသုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

မနေ့ညပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသမီးတစ်ဦးလည်းပါဝင်ပြီး သူမရဲ့ဖခင်ဟာ အသုတ်မြို့ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။

အသုတ်မြို့မှာ ဇွန်လ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ လူငယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013