သက်မွန်မြင့်၊ ဖွေးဖွေး၊ ကော်နီနှင့် ကျားပေါက် အပါအဝင် နောက်ထပ် အယောက် ၂၀ ကို အမှုဖွင့်

ပြည်သူဘက်က ရပ်တည်ကူညီပေးနေတဲ့ နာမည်ကျော် အနုပညာရှင်တွေ၊ တေးသံရှင်တွေနဲ့ ထင်ပေါ်ကျော်ကြားသူတွေအပါအဝင် နောက်ထပ် လူပုဂ္ဂိုလ် အယောက်   ၂၀ ကို   ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မီဒီယာတွေက ဧပြီ ၃ ရက်မှာ ထပ်မံ ကြေညာပါတယ်။ 

အမှုဖွင့်ခံရသူတွေထဲမှာ အကယ်ဒမီမင်းသမီးတွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ ဖွေးဖွေး၊  အဆိုတော် ကော်နီ၊ ကျားပေါက်၊ GFatt ၊ မယ်ရီ ၊ နိုဗန်ထူး၊ သရုပ်ဆောင် ညီနန္ဒ၊ အောင်မြင့်မြတ်၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ မေဦးမောင်၊ အိန်ဂျယ်လမုန်၊ နှင်းသွေးယုအောင်၊ စည်သူဝင်း၊  ထက်အောင်ရှိုင်း ၊ Kelvin Kate ၊ ဇင်အောင်၊ ကျော်ရဲထွန်း (ရဲရဲ) နဲ့ ဒေါ်နန်းမြတ်စောတို့ ပါဝင်ပါတယ်။

ဒါ့အပြင်နောက်ထပ် အမှုဖွင့်ထားသူတွေကို ဆက်လက်ထုတ်ပြန်သွားဖို့ ရှိသေးတယ်လို့ လည်း စစ်တပ်မီဒီယာက သတင်းထုတ်ပါတယ်။ 

အဆိုပါ ပုဂ္ဂိုလ်တွေဟာ လူမှုကွန်ရက် စာမျက်နှာကို အသုံးပြုပြီး နိုင်ငံတော် အုပ်ချုပ်မှုယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့  နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်စေဖို့လှုံ့ဆော်တာ၊ CRPHကို ထောက်ခံတာ စတာတွေကြောင့် အမှုဖွင့်အရေးယူတာလို့  ဆိုပါတယ်။

ဧပြီ ၂ ရက်နေ့ကလည်း အကယ်ဒမီ မင်းမော်ကွန်း၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ Rဇာနည်၊ ရဲတိုက်၊ ကျော်ကျော်နန္ဒ၊ သန္တာလှိုင်၊ ပိုင်ဖြိုးသု၊ ပိုပို၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ မိတ်ကပ်မထက်၊ မိတ်ကပ် မေဦး၊ မေတိုးခိုင်၊ ဒေါက်တာ မြဝတ်ရည်၊ မေဇွန်ဝင်း၊ ဖြိုးဖြိုးအောင်၊ ဒေါက်တာ သူရိန်လှိုင်ဝင်း၊  ဇင်သော်နိုင်နဲ့ Kwee La Min တို့ကိုလည်း   ပုဒ်မ ၅၀၅ (က ) နဲ့ အမှုဖွင့်ထားလို့ MRTV နဲ့ မြဝတီကနေ ကြေညာသွားပါတယ်။

အလားတူ နာမည်ကြီး အနုပညာရှင်တွေဖြစ်ကြတဲ့  အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊  ကိုပေါက်၊ ဏကြီး၊ ဟစ်ဟော့ပ်အဆိုတော် အနဂ္ဂ၊ အဆိုတော် လင်းလင်း၊ အင်းစိန်အောင်စိုး၊ စီစဉ်တင်ဆက်သူ ကိုမောင်မောင်အေးနဲ့ အိမ့်ပိုးဥ (ခ) အိပန်ဆယ်လို စသူတွေလည်း ပုဒ်မ ၅၀၅ (က ) နဲ့ တရားစွဲခံထားရပြီး အကယ်ဒမီ လူမင်းကတော့ ဖမ်းဆီးခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up