DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်  ဒုရဲအုပ် ၁ ဦး အသတ်ခံရ
DVB
·
October 28, 2019
ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်တွင်  ဒုရဲအုပ် ၁ ဦး အသတ်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်း ပန်းနီလာနဲ့ ကြံခင်းကျေးရွာအနီးမှာ  အရပ်ဝတ်နဲ့ ဒုရဲအုပ်တဦးကို သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ အလောင်းကို တွေ့ရှိခဲ့တဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၇  ရက် မနက်က ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာကနေ ကားတစီးနဲ့ စီးနင်းလိုက်ပါလာတဲ့ ဒုရဲအုပ်မျိုးကိုကိုဟာ ကြံခင်းကျေးရွာအနီးအရောက်မှာ ကားရပ်နားရာကနေ လူတဦးက ခေါ်ဆောင်ခဲ့ပြီးနောက်မှာ အသတ်ခံရတာ ဖြစ်တယ်လို့အမည် မဖော်လိုသူ ကျေးရွာသားတဦးက ပြောပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ သူ အပေါက်ဝကျေးရွာက စစ်တွေကို ကားနဲ့သွားတာ၊ သူက အရပ်ဝတ်နဲ့ပေါ့လေ။ အဲဒီမှာ ကြံခင်းကျေးရွာအနားရောက်မှာ ကားကို လူတယောက် တားတယ်လို့ ပြောတယ်။ အဲဒီမှာ ခေါ်သွားတယ်။ ကားကတော့ ဆက်မောင်းသွားတာပေါ့။ အဲဒီနောက်မှာ သူ သေဆုံးနေတာကို ရွာကလူတွေ တွေ့တယ်။ အဲဒီမှာ ကားတွေက ဖြတ်သွားဖြတ်လာရှိတော့ သေဆုံးနေတာကို မြင်တွေ့ကြတာပါ။ အဲဒီမှာ အပေါက်ဝက ဒုရဲအုပ် ဆိုတာကို သိသွားတာကြတာပါ။”

သေဆုံးသူဟာ ဒုရဲအုပ်မျိုးကိုကို (အသက် ၃၅ နှစ်) ဖြစ်ပြီး  အပေါက်ဝကျေးရွာရဲစခန်းမှာ တာဝန်ထမ်း‌ဆောင်နေသူ ဖြစ်ပါတယ်။

ဒုရဲအုပ်မျိုးကိုကိုကို ကားပေါ်ကနေ ဆွဲခေါ်ပြီးတော့ အဲဒီအနီးအနားမှာ သတ်ကာ ကားလမ်းနားဘေးမှာ ချထားခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေကတော့ ပြောဆိုပေမယ့် ဘယ်သူ ဘယ်အဖွဲ့ သတ်ဖြတ်သွားတာဆိုတာ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရဲမှူးကြီးကြည်လင်းကို ဖုန်းဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးမောင်မောင်စိုးကတော့ “အသတ်ခံရတာ မဟုတ်သေးဘူး ခင်ဗျ။ ကားပေါ်ကနေ ဆွဲချသွားတာပါ။ ခရီးသည်တွေကြားကနေ ဆွဲချသွားတာ။ ပျောက်ဆုံးနေတာပေါ့” လို့ ပြောပါတယ်။

ဒုရဲအုပ်မျိုးကိုကို ကိစ္စနဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းက စခန်းမှူးကို ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။ ဒီနှစ်အတောအတွင်း ရခိုင်ပြည်နယ်မှာ ရဲတပ်ဖွဲ့ဝင်တချိုနဲ့ အရပ်သားတွေ မကြာခဏဆိုသလို အသတ်ခံရတွေ မြင့်တက်လာနေပါတယ်။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013