Home
သတင်းဓာတ်ပုံ
အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလ ဆုရရှိသူများ (ဓာတ်ပုံ)
DVB
·
June 27, 2015
b18
b17
b16
b15
b14
b13
b12
b11
b10
b9
b8
b7
b6
b5
b4
b3
b2
b1
၂၀၁၅ အိုလံပစ်နေ့အထိမ်းအမှတ် ကာယဗလမောင်နှင့် အမျိုးသမီး ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်း ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ MCC တွင် ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ကာယဗလနဲ့ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပြီး ကာယ ဗလမောင်အကြီးတန်းပြိုင်ပွဲမှာ ပထမ ဦးတင်လတ်၊ ဒုတိယ ဦးဝင်းတင်၊ တတိယ ဦးကြည်ထွေးတို့က အသီးသီးရရှိခဲ့ကြပါတယ်။ ကာယဗလမောင် အငယ်တန်းပြိုင်ပွဲတွင် ပထမ ချစ်ငွေ၊ ဒုတိယ အိပ်ခ်ျဘရန်မိုင်၊ တတိယ လမင်းတရာ၊ ကာယဗလမောင် အလွတ်တန်းပြိုင်ပွဲမှာတော့ ပထမ ညီဖြူ၊ ဒုတိယ ရဲထွန်းနောင်၊ တတိယ မောင်မောင်မြင့်တို့က အသီးသီးရရှိသွားပါတယ်။ အမျိုးသမီး ကာယကြံ့ခိုင်မှု Model Physique ပြိုင်ပွဲ ၁၆၅ စင်တီမီတာအောက် ပြိုင်ပွဲမှာ ပထမ ချယ်ရီမောင်၊ ဒုတိယ နန်းလောင်ခမ်း၊ တတိယ ခိုင်ယမင်းဦး၊ ၁၆၅ စင်တီမီတာ အထက် ပြိုင်ပွဲမှာ ပထမ ဆွေဆွေအောင်၊ ဒုတိယ ထားဦးဝေ၊ တတိယ လတ်မေဇင်သော်တို့က လည်းကောင်း အသီးသီး ရရှိသွားကြပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024