DVB Logo
Home
မြန်မာသတင်း
ပိတ်ထားရသည့် ကျောင်းများရှိနေသော်လည်း ကျောင်းအပ်နှုန်းတိုးလာဟု စစ်အာဏာရှင်ပြော
DVB
·
June 10, 2026
Photo: MOI 
Photo: MOI 
Donate to DVB

မြန်မာနိုင်ငံအတွင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရတဲ့ စာသင်ကျောင်း‌တွေ ရှိနေ သေးပေမဲ့ ကျောင်းအပ်နှူန်းကတော့ အရင်နှစ်တွေကထက် တိုးလာတယ်လို့ စစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်က  ပြောပါတယ်။

ဇွန် ၉ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်အာဏာရှင် အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့ တာဖြစ်ပြီး လက်ရှိ ၂၀၂၆-၂၇ ပညာသင်နှစ်မှာ ကျောင်းလာရောက်အပ်နှံသူ စုစုပေါင်း ၆ ဒသမ ၇ သန်းကျော်ရှိပြီး ဒါဟာ အရင်နှစ်တွေကထက် ပိုမိုတိုးတက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရတဲ့ကျောင်းတွေကိုလည်း အမြန်ဆုံး ပြန်ဖွင့် နိုင်အောင် ဆောင်ရွက်ပြီး ကျောင်းအပ်နှံမှုနှုန်းကို အခုထက် ပိုမိုတိုးလာအောင်လုပ်ရမယ်လို့ လည်း ပြောပါတယ်။

အရင်နှစ်တွေတုန်းက ကျောင်းမတက်ဖြစ်တဲ့သူတွေကို အရည်အချင်းစစ်ဆေးပြီး အတန်းကျော် အပ်နှံ ခွင့်ပြုခဲ့တာကြောင့် အခုနှစ်မှာ အရင်နှစ်တွေထက် ကျောင်းအပ်မှုနှုန်းမြင့်လာတာလို့လည်း ပြည်သူအချို့က ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013