DVB Logo
Home
Lead Story

ကျားဖြန့်အွန်လိုင်းငွေလိမ်မှုဖြင့် တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိအချို့ စစ်ဆေးခံရ

DVB
·
November 23, 2026
Photo: Sitt Naing
Photo: Sitt Naing
Donate to DVB

အွန်လိုင်းငွေလိမ်ကျားဖြန့်ကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် စစ်အာဏာရှင်လက်အောက်ခံ ကျိုင်းတုံမြို့အခြေစိုက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်က အရာရှိတချို့ကို နေပြည်တော်က ခေါ်စစ်ဆေးနေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

တသခ လို့ခေါ်တဲ့ တြိဂံတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးကနေ ဗိုလ်ကြီးအဆင့်ထိကို နိုဝင်ဘာ ၂၀ ရက်က ကျားဖြန့်လိမ်လည်မှုတွေမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ခေါ်စစ်ဆေးတာလို့ စစ်ဘက်သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

"တသခက ဗိုလ်မှူးကြီးတွေ၊ တပ်ရင်းမှူးတွေ၊ ဗိုလ်ကြီးတွေကို နေပြည်တော်က စစ်ဆေးနေတယ်။ ရှမ်းမြောက်က ပြေးလာတဲ့ ကျားဖြန့်တရုတ်တွေကို ငွေယူပြီး တိုင်းစစ်ဌာနချုပ်နယ်မြေထဲမှာ ထားတဲ့ကိစ္စနဲ့။”

ဒီကိစ္စတွေဟာ အရင်တိုင်းမှူးဟောင်း DSA အပတ်စဉ် ၄၀ ကျောင်းဆင်း ဗိုလ်ချုပ်စိုးမြတ်ထွဋ် လက်ထက်မှာ ဖြစ်ခဲ့ပြီး လက်ရှိတိုင်းမှူးမှာ OTC ကျောင်းဆင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကုန်က အရှေ့အလယ်ပိုင်းတိုင်း၊ အရှေ့မြောက်တိုင်းနဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေကို စစ်ခေါင်းဆောင်က ပြောင်းလဲခဲ့တာဟာလည်း ကျားဖြန့်လိမ်လည်မှုနဲ့ ဆက်စပ်နေတယ်လို့ အငြိမ်းစားအရာရှိတယောက်က DVB ကို ပြောပါတယ်။

"ရှမ်းအရှေ့နဲ့ ရှမ်းတောင်မှာ ကျားဖြန့်တရုတ်တွေ ဖမ်းမိပြီး မကြာဘူး၊ တိုင်းမှူးတွေ အကုန်ပြောင်းရတာပဲ။ သူတို့နယ်မြေထဲမှာ ဖြစ်တော့ သူတို့ရဲ့ တာဝန်မကင်းဘူး။”

အခုနှစ် ဩဂုတ် ၇ ရက်က ကျိုင်းတုံမြို့နယ်၊ နောင်လေကျေးရွာရှိ နောင်လေငါးကန်စားသောက်ဆိုင်အနီးက ခြံဝင်းအတွင်းမှာ ကျားဖြန့်ငွေလိမ်လုပ်ငန်းလုပ်ကိုင်နေတဲ့ တရုတ်၊ လာအိုနဲ့ မြန်မာ အမျိုးသား၊ အမျိုးသမီး ၁၅၆ ယောက်ကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှာ OTC လို့ခေါ်တဲ့ တိုက်ခိုက်ရေးသင်တန်းကျောင်း (ဗထူး) အပတ်စဉ် ၂၆ ကျောင်းဆင်း ဗိုလ်မှူးချုပ်ကျော်စွာထွန်း ဖြစ်ပါတယ်။

Photo: Sitt Naing

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013