DVB Logo
Home
မြန်မာသတင်း
DVB Website အတုနှင့် ပတ်သက်၍ အသိပေးကြေညာချက်
DVB
·
April 7, 2026
DVB Website အတုနှင့် ပတ်သက်၍ အသိပေးကြေညာချက်
Donate to DVB

ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာန၏ အမည်နှင့် အမှတ်တံဆိပ် (Logo) တို့ကို အသုံးပြုကာ သတင်းတုများ ဖြန့်ဝေသည့် ဝက်ဘ်ဆိုက်အတုတခုနှင့် ပတ်သက်ပြီး ပရိသတ်များအား အသိပေးကြေညာအပ်ပါသည်။

အင်တာနက်စာမျက်နှာ myanmarthadin.com အမည်ဖြင့်ဖွင့်လှစ်ထားသည့် ဝက်ဘက်ဆိုက် သည် DVB သတင်းဌာနနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသည့် Page အတု ဖြစ်ပါ သည်။

လိမ်လည်ထားမှုပုံစံအရ DVB ၏ အမည်၊ Logo နှင့် အချက်အလက်များကို အတိအကျ ကူးယူအသုံးပြုထားပြီး တရားဝင် ဝက်ဘ်ဆိုက်သဖွယ် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးထားပါသည်။ ယင်းဝက်ဘ်ဆိုက်သို့ ဝင်ရောက်လိုက်သည်နှင့် “သတင်းဖတ်ရန် VPN အလိုအလျောက် ချိတ်ဆက်မည်” ဆိုသည့် Pop-up မက်ဆေ့ချ် ပေါ်လာပါသည်။ ၎င်းမှာ သုံးစွဲသူများ၏ စက်ပစ္စည်းများအတွင်းသို့ Malware ထည့်သွင်းရန်နှင့် အချက်အလက်များ ခိုးယူရန် ဖန်တီးထားခြင်း ဖြစ်နိုင်ပါသည်။ 

DVB သတင်းဌာန၏ တရားဝင် အစစ်အမှန် ဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သည့်  https://burmese.dvb.no နှင့် အပြာရောင် (Blue Mark) အမှတ်အသားပါ DVB TV NEWS လူမှုကွန်ရက်စာမျက်နှာအကောင့် https://www.facebook.com/DVBTVNews တို့မှသာ ဝင်ရောက် ဖတ်ရှုကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013