
အမေရိကန်အစိုးရဟာ စစ်တိုက်နေတာကြောင့် နေ့ကလေးထိန်းကျောင်းတွေအတွက် ဂရုမစိုက် နိုင်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောလိုက်ပါတယ်။
နေ့ကလေးထိန်းကျောင်းတွေနဲ့ ဆေးဝါးအကူအညီပေးရေးဝန်ဆောင်မှုတွေအတွက် ရန်ပုံငွေဟာ ပြည်နယ်တွေရဲ့ တာဝန်ပဲလို့လည်း ထရမ့်ပ်က ထပ်မံပြောပါတယ်။
ထရမ့်ပ်ဟာ ၂၀၂၇ ခုနှစ်မှာ ကာကွယ်ရေးမဟုတ်တဲ့ အသုံးပြုမှု ၁၀ ရာခိုင်နှုန်း လျော့ချဖို့ ဧပြီ ၃ ရက် က တောင်းဆိုခဲ့ပြီး စစ်ရေးအသုံးစရိတ် ဒေါ်လာ ၅၀၀ ဘီလီယံအထိ ဧပြီ ၃ ရက်က တိုးတောင်း ခဲ့ပါတယ်။
ထရမ့်ပ်ဟာ အီရန် စစ်ပွဲဆင်နွှဲနေတာကြောင့် ၂၀၂၇ ခုနှစ်ဘတ်ဂျက် တိုးမြှင့်တောင်းဆိုမှုတွေ ထွက်လာတာပါ။
အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းကို တပ်တွေ စေလွှတ်နေပြီး လူထုကလည်း ကုန်ဈေးနှုန်း ကြီးမြင့်မှုနဲ့ ရင်ဆိုင်နေရသလို အီရန်စစ်ပွဲကြောင့် ဓာတ်ဆီဈေးတွေ အဆမတန် တက်နေပါတယ်။
ဧပြီ ၃ ရက် အီစတာနေ့နဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က Truth ဆိုရှယ်မီဒီယာကနေ ဗွီဒီယိုမက်ဆေ့ ပေးပို့ခဲ့တာမှာ “အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း ဘာသာရေး ပြန်တိုး တက်မှုတွေ ရှိလာပြီ”လို့ ပြောထားပါတယ်။
နောက်ဆုံးမှာ မကောင်းမှုနဲ့ ဆိုးသွမ်းမှုတွေ အနိုင်ရမှာမဟုတ်ဘူးဆိုတာ သိတာတယ်လို့လည်း ထရမ့်ပ်က ပြောဆိုခဲ့ပါသေးတယ်။
Source: Reuters











