DVB Logo
Home
မြန်မာသတင်း
ပြည်ပက ဆီတင်သွင်းသူများအတွက် ဒေါ်လာလိုသလောက် ရောင်းပေးမည်
DVB
·
June 18, 2015
ပြည်ပက ဆီတင်သွင်းသူများအတွက်  ဒေါ်လာလိုသလောက် ရောင်းပေးမည်
1 / 2
Donate to DVB

ပြည်ပကနေ လစဉ်တင်သွင်းနေရတဲ့ စက်သုံးလောင်စာဆီနဲ့ စားသုံးဆီ ၂ မျိုးအတွက် လိုအပ်တဲ့ နိုင်ငံခြားငွေကို အကန့်အသတ်မရှိ ရောင်းချပေးသွားမယ်လို့ ဗဟိုဘဏ်က ပြောပါတယ်။

ဆီတင်သွင်းသူတွေ လိုအပ်နေတဲ့ နိုင်ငံခြားငွေကို ဗဟိုဘဏ် နှုန်းထားအတိုင်း အကန့်အသတ်မရှိ ရောင်းချပေးဖို့ ဇွန်လ ၁၇ ရက်နေ့က နေပြည်တော်ရှိ ဗဟိုဘဏ်မှာ ကျင်းပတဲ့ အစည်းအဝေးက ဆုံးဖြတ်လိုက်တာပါ။

ပြည်တွင်းမှာ ဒေါ်လာဈေးနှုန်းမြင့်တက်နေပြီး ကျပ်ငွေတန်ဖိုး တည်ငြိမ်မှုမရှိ ဖြစ်နေတာကို ထိန်းဖို့အတွက် ဆောင်ရွက်တာလို့ ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က ဒီအစည်းအဝေးမှာ ပြောကြားခဲ့တာလို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါတယ်။

“မရှိမဖြစ်လိုအပ်တဲ့ စက်သုံးဆီနဲ့ စားသုံးဆီတွေဆိုတာ ဒေါ်လာသန်း ၂၀၀၊ ၃၀၀ လောက်နဲ့ လစဉ်သွင်းနေတဲ့သူတွေ 349x248xwww.reuters.com_-300x213.jpg.pagespeed.ic_.66MQHGmATLရှိပါတယ်။ ဒီသွင်းကုန်တွေအတွက် ငွေချေဖို့ လိုအပ်တဲ့ငွေကို ဈေးကွက်ထဲဝင်ပြီး ဝယ်နေရတာတွေ အားလုံးကို လုံးဝအကန့်အသတ်မရှိဘဲ ကျနော်တို့ ဗဟိုဘဏ်က ဖြည့်ဆည်းပေးဖို့ပါ။ ဒီနေ့ အစည်းအဝေးမှာ ငွေကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့ လုပ်ငန်းစဉ်တွေ ဆွေးနွေးဖြစ်ပါတယ်။ အဓိက အရေးကြီးတဲ့ မရှိမဖြစ် သွင်းကုန်တွေဖြစ်တဲ့ စက်သုံးဆီနဲ့ စားသုံးဆီက နိုင်ငံခြားငွေဈေးမြင့်တက်တာကြောင့် ဈေးအဆမတန်တက်သွားရင် မလိုလားအပ်တဲ့ ဈေးနှုန်း မြင့်တက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီသွင်းကုန်တွေအတွက် လိုအပ်တဲ့ငွေကို အကန့်အသတ်မရှိ ရောင်းချပေးတာဖြစ်ပါတယ်။''

ဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းချပေးမယ့် ဒီအစီအစဉ်ကို မြန်မာ့စီးပွားရေးဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်တို့က အခုလ ၂၂ ရက်နေ့မှာ စတင်ဆောင်ရွက်ပေးသွားမှာဖြစ်သလို ပုဂ္ဂလိကဘဏ်တွေကလည်း အခုသီတင်းပတ်ထဲမှာ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံခြားငွေဝယ်ယူဖို့ သွင်းကုန်လုပ်ငန်းရှင်တွေ အနေနဲ့ ဗဟိုဘဏ်ကို သီးခြားလျှောက်လွှာတင်ပြီး ဆောင်ရွက်ဖို့မလိုဘဲ သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေကျဖြစ်တဲ့ ဘဏ်တွေကတဆင့် လိုသလောက်ငွေကို ဗဟိုဘဏ်နှုန်းထားနဲ့ ရောင်းချပေးမယ်လို့လည်း ဗဟိုဘဏ်ကပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013