DVB Logo
Home
မြန်မာသတင်း
ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက် ပယ်ဖျက်  
DVB
·
August 14, 2018
ဗဟိုဘဏ် ရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက် ပယ်ဖျက်  
Donate to DVB

မြန်မာပြည်တွင်း နိုင်ငံခြားငွေရောင်းဝယ်ရာမှာ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက် ရည်ညွန်း ငွေလဲလှယ်နှုန်း ဘောင်ထဲမှာ ရောင်းဖို့ ညွှန်ကြားထားတာကို  သြဂုတ် ၁၃ ရက်ကစပြီး ပယ်ဖျက်လိုက်ပါတယ်။

ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းထက် ဒသမ ၈ ရာခိုင်နှုန်းထဲမှာ အတိုး၊ အလျော့နဲ့ ရောင်းချကြဖို့ ၂၀၁၂ ခုနှစ်ကတည်းက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အခု ဗဟိုဘဏ်ဥက္ကဋ္ဌရဲ့ ကိုယ်စား ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ညွန်ကြားချက်ထုတ်ပြန်ပြီး ပယ်ဖျက်လိုက်တာပါ။

ခုလို ပယ်ဖျက်လိုက်တဲ့အပေါ် စီဘီဘဏ်ရဲ့ အကြံပေး ဦးဖေမြင့်က “ခင်ဗျားတို့ လုပ်ချင်ရာလုပ်ကြတော့ဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။ တကယ်တော့ ဒါမဖျက်ခင်ကတည်းက ဘောင်ကျော်ပြီး လုပ်နေကြတာ။ အရောင်းအဝယ် လုပ်နေကြတဲ့သူတွေက အစကတည်းက မလိုက်နာကြဘူးဗျ။ အဲဒါကြောင့် သိပ်တော့ မသိသာပါဘူး” လို့ ပြောပါတယ်။

ဒီလို သတ်မှတ်ချက်ကို ဖျက်ပေးလိုက်တဲ့အတွက် ကြီးကြီးမားမား သက်ရောက်ဖို့ မရှိဘူးလို့လည်း သူက ပြောပါတယ်။

“ကြိုက်တဲ့ ဈေးသတ်မှတ်နိုင်ပေမယ့် ပုဂ္ဂလိကဘဏ်တွေကတော့ သိပ်မပြိုင်ကြပါဘူး။ အပြင်မှာ ရောင်းဝယ်နေကြတဲ့ ဆိုင်တွေကတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြစ်သွားမှာပေါ့” လို့ ဦးဖေမြင့်က ပြောပါတယ်။

မနေ့က အမေရိကန် ၁ ဒေါ်လာကို ၁၄၇၄ ကျပ်နဲ့ ဈေးကွက်ပိတ်သွားတဲ့ ဒေါ်လာဈေးဟာ ဒီနေ့မနက်မှာတော့ ၁၄၈၃ ကျပ်နဲ့ ပြန်ဖွင့်လာခဲ့ပါတယ်။

ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကစပြီး တရိပ်ရိပ်တက်နေခဲ့ပြီး ဇူလိုင် ၁၈ မှာ ၁၄၂၄ ကျပ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ အရင်က အမြင့်ဆုံးစံချိန်တင်ခဲ့တဲ့ နှုန်းထက် ၄၀ ကျော် ပိုများနေတာပါ။

ဒေါ်လာဈေးဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက အမြင့်ဆုံးအဖြစ် ၁၄၃၈ ကျပ်အထိ တက်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013