
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဒီမနက်အစောပိုင်း ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အက်စတွန်ဗီလာအသင်းက ဖရိုင်းဘတ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်သွားပါတယ်။
ဗီလာအသင်းအတွက် အနိုင်ဂိုးတွေကို ပထမပိုင်းမှာ တိုင်လီမန်းစ်နဲ့ ဘူအန်ဒီယာတို့က လှပတဲ့ ကန်ချက်တွေနဲ့ သွင်းယူခဲ့ပြီး ၅၈ မိနစ်မှာ မော်ဂန်ရော်ဂျာက တတိယဂိုးကို ပိတ်သွင်းယူခဲ့တာပါ။
ဒါဟာ ဗီလာအသင်းအတွက် ၁၉၈၂ ခုနှစ်က ဥရောပဖလား ရရှိခဲ့ပြီးနောက်ပိုင်း ၄၄ နှစ်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် ဥရောပဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ဗီလာနည်းပြ အူနိုင်းအမ်မရီဟာ သူ့ရဲ့ နည်းပြဘဝသက်တမ်းတလျှောက် ယူရိုပါလိဂ်ဖလားကို ၅ ကြိမ်မြောက်အဖြစ် စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။











