
ရုရှားကိုတိုက်ခိုက်ဖို့ ဒရုန်းတွေ အပါအဝင် တခြားစစ်လက်နက်တွေအတွက် ယူကရိန်းကို ဒေါ်လာ သန်း ၅၈၀ ပေးမယ်လို့ နယ်သာလန်နိုင်ငံက ကတိပြု ပြောကြားလိုက်ပါတယ်။
ယူကရိန်းဟာ မဟာမိတ်တွေဆီက စစ်ရေးရန်ပုံငွေ ဒေါ်လာ ၂၀ ဘီလီယံ ထပ်ရဖို့ ဆောင်ရွက်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး မိုင်ခေးလိုဖီဒိုရော့ဗ်က ဇွန် ၁၇ ရက်မှာ နယ်သာလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းအစိုးရအတွက် ငွေကြေးနဲ့ စစ်ရေးအကူအညီတွေပေးတဲ့ ရမ်စတိန်းအဖွဲ့လို့ လူသိများတဲ့ နိုင်ငံပေါင်း ၅၀ ကျော်ပါတဲ့ မဟာမိတ်အုပ်စုကို ယူကရိန်းကာကွယ်ရေးဆိုင်ရာ ဆက်သွယ်ရေးအဖွဲ့က ကြာသပတေးနေ့မှာ ကျင်းပမဲ့ အစည်းအဝေးမှာ တောင်းဆိုသွားမယ်လို့ ယူကရိန်း ကာကွယ်ရေးသတင်းရင်းမြစ်တခုက ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
Source: Reuters










