
အက်စတွန်ဗီလာအသင်းဟာ နော်တင်ဟမ်ဖောရက်စ်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ယူပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ဒီပွဲကို ဗီလာပါ့ကွင်းမှာ ကိုယ်တိုင်လာရောက်အားပေးခဲ့တဲ့ မင်းသားဝီလျံဟာ အသင်းနိုင်ပွဲရအပြီးမှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုကာ အားပါးတရ အောင်ပွဲခံခဲ့သလို ပွဲအပြီးမှာလည်း အသင်းသား တွေကို အဝတ်လဲခန်းအထိ သွားရောက်ဂုဏ်ပြုခဲ့ပါတယ်။
ပွဲမှာ ဗီလာအတွက် အနိုင်ဂိုးတွေကို ဝက်ကင်းစ်၊ ဘူအန်ဒီယာနဲ့ မက်ဂင်းတို့က သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး နှစ်ကျော့ပေါင်းရလဒ် (၄-၁) ဂိုး နဲ့ ဗိုလ်လုပွဲတက်ခဲ့တာပါ။
ဗီလာအသင်းဟာ လာမဲ့ မေ ၂၀ ရက်၊ အစ္စတန်ဘူလ်မှာကစားမဲ့ ဗိုလ်လုပွဲမှာ ဂျာမနီကလပ် ဖရိုင်းဘာ့ဂ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ အူနိုင်းအမ်မရီအတွက်တော့ ဒါဟာ ၅ ကြိမ်မြောက် ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်မဲ့ အခွင့်အရေးလည်း ဖြစ်နေပါတယ်။
Photo:Reuters











